Quran with Burmese translation - Surah Az-Zukhruf ayat 85 - الزُّخرُف - Page - Juz 25
﴿وَتَبَارَكَ ٱلَّذِي لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا وَعِندَهُۥ عِلۡمُ ٱلسَّاعَةِ وَإِلَيۡهِ تُرۡجَعُونَ ﴾
[الزُّخرُف: 85]
﴿وتبارك الذي له ملك السموات والأرض وما بينهما وعنده علم الساعة وإليه﴾ [الزُّخرُف: 85]
Ba Sein ၈၅။ မိုးကောင်းကင်၊ ကမ္ဘာမြေကြီးနှင့် မိုးမြေအကြားရှိရှိသမျှအရာအပေါင်းတို့ကို စိုးပိုင်တော်မူသောအရှင်မြတ်သည် မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံတော်မူ၏၊ အချိန်နာရီတော်ကို အရှင်မြတ်သာ သိတော်မူ၏၊ ထို့အပြင်သင်တို့အားလုံး သည် အရှင်မြတ်အထံတော်သို့ ပြန်လာကြရမည်သာတည်း။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး အကြင်အရှင်မြတ်သည် ကောင်းခြင်းမင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသည်။ မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခု၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှုသည် ထိုအရှင်မြတ်၌သာရှိသည်။ ထိုမှတစ်ပါး "ကိယာမတ်" ရှင်ပြန်ထမည့် အချိန်ကာလကိုလည်း ထိုအရှင်မြတ်ပင် သိမြင်တော်မူ၏။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ် အထံတော်သို့ပင် ပြန်သွားကြရမည်။ |
Hashim Tin Myint ထို့ပြင် အကြင်အရှင်မြတ်သည် ကောင်းချီးမဂင်္လာအပေါင်းနှင့် ပြည့်စုံတော်မူသည်။ ထိုအရှင်မြတ်တွင် မိုးကောင်းကင်များနှင့် မြေပထဝီတွင်ရှိသမျှသာမက ထိုနှစ်ခုကြားတွင်ရှိသမျှ၏ စိုးမိုးအုပ်ချုပ်မှုအာဏာရှိသည်။ ထို့ပြင် ကိယာမသ်နေ့၏အချိန်ကိုလည်း အရှင်မြတ်ပင်သိတော်မူသည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ထံတော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။ |