Quran with Burmese translation - Surah Al-Jathiyah ayat 31 - الجاثِية - Page - Juz 25
﴿وَأَمَّا ٱلَّذِينَ كَفَرُوٓاْ أَفَلَمۡ تَكُنۡ ءَايَٰتِي تُتۡلَىٰ عَلَيۡكُمۡ فَٱسۡتَكۡبَرۡتُمۡ وَكُنتُمۡ قَوۡمٗا مُّجۡرِمِينَ ﴾
[الجاثِية: 31]
﴿وأما الذين كفروا أفلم تكن آياتي تتلى عليكم فاستكبرتم وكنتم قوما مجرمين﴾ [الجاثِية: 31]
Ba Sein ၃၁။ သို့သော်အကြင်သူတို့သည် မယုံကြည်ငြင်းပယ်ခဲ့ကြအ့ံ၊ ထိုသူတို့အား ဤသူမိန့်တော်မူလိမ့်မည်၊ ငါ၏ ပညတ် တော်များကို သင်တို့အား ရွတ်ဖတ်ပြခဲ့သည်မဟုတ်လော၊ သို့သော် သင်တို့သည် တရားတော်ကို ရွံရှာ၍ အပြစ်ရှိသူများဖြစ်ကြ၏။ |
Ghazi Mohammad Hashim သို့ရာတွင် သွေဖည်ငြင်းပယ်ကြကုန်သော သူတို့မှာမူကား (ဤသို့ပြောဆိုခြင်းကိုခံကြရပေမည်)။ ငါအရှင်မြတ်၏ အာယတ်တော်များသည် အသင်တို့ရှေ့ဝယ် ဖတ်ကြားခြင်းခံခဲ့ရသည် မဟုတ်လော။ သို့တစေလည်း အသင်တို့သည် မာနထောင်လွှားခဲ့ကြကုန်၏။ ၎င်းပြင် အသင်တို့သည် ပြစ်မှုကျူးလွန်သူများပင် ဖြစ်ခဲ့ကြကုန်၏။ (တစ်နည်း) အမှန်သော်ကား အသင်တို့သည် ပြစ်မှုကျူးလွန်သူများပင် ဖြစ်ခဲ့ကြကုန်၏။ |
Hashim Tin Myint ထို့ပြင် ငြင်းပယ်သည့်သူများကမူ (ဤသို့ ပြောဆိုခြင်းခံကြရမည်)။ ငါအရှင်မြတ်၏ အာယသ်တော်များသည် အသင်တို့၏ရှေ့၌ ဖတ်ကြားခြင်းခံခဲ့ရသည်မဟုတ်လော။ ထို့နောက်လည်း အသင်တို့သည် မာနထောင်ခဲ့ကြသည်။ ထို့ပြင် အသင်တို့သည် ပြစ်မှုကျူးလွန်သူများပင်ဖြစ်ခဲ့ကြသည်။ |