Quran with Burmese translation - Surah Al-Jathiyah ayat 35 - الجاثِية - Page - Juz 25
﴿ذَٰلِكُم بِأَنَّكُمُ ٱتَّخَذۡتُمۡ ءَايَٰتِ ٱللَّهِ هُزُوٗا وَغَرَّتۡكُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَاۚ فَٱلۡيَوۡمَ لَا يُخۡرَجُونَ مِنۡهَا وَلَا هُمۡ يُسۡتَعۡتَبُونَ ﴾
[الجاثِية: 35]
﴿ذلكم بأنكم اتخذتم آيات الله هزوا وغرتكم الحياة الدنيا فاليوم لا يخرجون﴾ [الجاثِية: 35]
Ba Sein ၃၅။ နင်တို့သည် ယင်းကဲ့သို့မရှုမလှခံစားရခြင်းကား အလ္လာဟ်အရှင်မြတ်၏ နှုတ်ကပတ်တော်များကို ပျက်ချော် ပြောင်လှောင်ကြသောကြောင့်ဖြစ်၏၊ နင်တို့ကို လောကကြီးက လှည့်စားနေသောကြောင့်လည်းဖြစ်၏၊ ထို့ကြောင့် သူတို့သည် ထိုနေ့မှစ၍ ငရဲမီးထဲမှ ထွက်လာရမည်မဟုတ်ချေ၊ သူတို့သည် မိမိကိုယ်ကို မိမိမပြုပြင်နိုင်ကြချေ။ |
Ghazi Mohammad Hashim ထိုသို့ဖြစ်ရခြင်းမှာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အာယတ်တော်များကို ပြက်ရယ်ပြောင်လှောင်ဖွယ်များ ပြုလုပ်ခဲ့ကြသောကြောင့်လည်းကောင်း၊ လောကီဘဝသည် အသင်တို့အား ဖြားယောင်းခဲ့သောကြောင့်လည်းကောင်း၊ ဖြစ်ပါသည်။ သို့ဖြစ်ပေရာ ယနေ့သော်ကား ၎င်းတို့သည် ယင်းငရဲမီးမှ ထွက်စေခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။ (အလ္လာဟ်အရှင်မြတ်အား) နှစ်သက်စေကြရန် တောင်းဆိုခြင်း ကိုလည်းခံကြရမည် မဟုတ်ချေ။ |
Hashim Tin Myint ထိုအရာသည် အသင်တို့က အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို ပြောင်လှောင်စရာအဖြစ်ပြုလုပ်ခဲ့ကြသည့်အတွက်နှင့် လောကီဘဝက အသင်တို့အား လှည့်စားခဲ့သည့်အတွက်ကြောင့်ဖြစ်သည်။ ထို့ပြင် ယနေ့မူသူတို့သည် ထိုငရဲမီးမှထွက်စေခြင်းခံကြရမည် မဟုတ်တော့ပေ။ (အရှင်မြတ်ကို)ကျေနပ်အောင်ခွင့်လွှတ်တောင်းပန်မှုလုပ်ရန် တောင်းဆိုခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။ ###၉ |