×

“ဧကန်မလွဲ၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်မှာ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။” ဟု ပြောဆိုကြပြီးနောက် (သူတို့၏ယုံကြည်ချက် အတွေးအခေါ်နှင့်လုပ်ဆောင်မှုများတွင်လည်း အရှင့်အမိန့်တော်အတိုင်းလိုက်နာလျက်) အခိုင်အမာ 46:13 Burmese translation

Quran infoBurmeseSurah Al-Ahqaf ⮕ (46:13) ayat 13 in Burmese

46:13 Surah Al-Ahqaf ayat 13 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ahqaf ayat 13 - الأحقَاف - Page - Juz 26

﴿إِنَّ ٱلَّذِينَ قَالُواْ رَبُّنَا ٱللَّهُ ثُمَّ ٱسۡتَقَٰمُواْ فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ﴾
[الأحقَاف: 13]

“ဧကန်မလွဲ၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်မှာ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။” ဟု ပြောဆိုကြပြီးနောက် (သူတို့၏ယုံကြည်ချက် အတွေးအခေါ်နှင့်လုပ်ဆောင်မှုများတွင်လည်း အရှင့်အမိန့်တော်အတိုင်းလိုက်နာလျက်) အခိုင်အမာ ရပ်တည်ကြသူတို့မူကား သူတို့အပေါ် မည်သည့်စိုးရိမ်ကြောင့်ကြမှုမျှ ရှိလိမ့်မည် မဟုတ်သည့်အပြင် သူတို့သည် ပူပင်သောကရောက်ကြရ မည်လည်း မဟုတ်ချေ။

❮ Previous Next ❯

ترجمة: إن الذين قالوا ربنا الله ثم استقاموا فلا خوف عليهم ولا هم, باللغة البورمية

﴿إن الذين قالوا ربنا الله ثم استقاموا فلا خوف عليهم ولا هم﴾ [الأحقَاف: 13]

Ba Sein
၁၃။ မှတ်သားကြလော့၊ အကြင်သူတို့က အကျွနု်ပ်တို့၏အသက်သခင်ကျေးဇူးရှင်ကြီးသည် အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏ဟု ဝန်ခံ၍ လမ်းမှန်ကို လိုက်ကြအ့ံ၊ ထိုသူတို့စိုးရိမ်ကြောင့်ကျဝမ်းနည်းပူဆွေးစရာမရှိချေ။
Ghazi Mohammad Hashim
ဧကန်မလွဲ ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်ဟု ပြောကြပြီးနောက် (ယင်းယုံကြည်ချက်ပေါ်ဝယ်)ကြံ့ခိုင်စွာ တည်ရှိကြကုန်သောသူတို့၌ မည်သည့်စိုးရိမ်မှုလည်း ရှိလိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ပူပင်သောက ဖြစ်ကြရမည်လည်း မဟုတ်ပေ။
Hashim Tin Myint
အမှန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ပင်ဖြစ်‌တော်မူသည်ဟု ‌ပြောဆိုကြပြီး‌နောက် ကြံ့ကြံ့ခံရပ်တည်ခဲ့ကြသည့်သူများတွင် မည်သည့်စိုးရိမ်စရာမှ ရှိမည်မဟုတ်‌ပေ။ ထို့ပြင် မည်သည့်ပူ‌ဆွေးမှုမှလည်း ဖြစ်ကြရမည်မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek