×

သူတို့က (တမန်တော်ဟူးဒ်အား) ''အသင်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ကိုးကွယ်ရာတို့မှ ကျောခိုင်း လွှဲဖယ်စေရန် ကျွန်ုပ်တို့ထံ ရောက်လာခဲ့လေသလော။ အကယ်၍ အသင်သည် ဖြောင့်မတ်မှန်ကန်စွာ 46:22 Burmese translation

Quran infoBurmeseSurah Al-Ahqaf ⮕ (46:22) ayat 22 in Burmese

46:22 Surah Al-Ahqaf ayat 22 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ahqaf ayat 22 - الأحقَاف - Page - Juz 26

﴿قَالُوٓاْ أَجِئۡتَنَا لِتَأۡفِكَنَا عَنۡ ءَالِهَتِنَا فَأۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلصَّٰدِقِينَ ﴾
[الأحقَاف: 22]

သူတို့က (တမန်တော်ဟူးဒ်အား) ''အသင်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ကိုးကွယ်ရာတို့မှ ကျောခိုင်း လွှဲဖယ်စေရန် ကျွန်ုပ်တို့ထံ ရောက်လာခဲ့လေသလော။ အကယ်၍ အသင်သည် ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုသော သစ္စာဝါဒီတစ်ဦးဖြစ်လျှင် ကျွန်ုပ်တို့အား (သတိပေးနှိုးဆော်၍) ခြိမ်းခြောက်နေသောအရာ (ပြစ်ဒဏ်) ကို ကျွန်ုပ်တို့ထံ ရောက်စေလော့။” ဟု တုံ့ပြန်ဖြေကြားခဲ့၏။

❮ Previous Next ❯

ترجمة: قالوا أجئتنا لتأفكنا عن آلهتنا فأتنا بما تعدنا إن كنت من الصادقين, باللغة البورمية

﴿قالوا أجئتنا لتأفكنا عن آلهتنا فأتنا بما تعدنا إن كنت من الصادقين﴾ [الأحقَاف: 22]

Ba Sein
၂၂။ ထိုသူတို့က ဟယ်-အချင်း၊ သင်သည် ငါတို့အား မိမိတို့ဘုရားများကို ကျောပေး၍ သွားစေခြင်းငှာ သွေးဆောင် ဖို့ရာ လာခဲ့သလော၊ သင်သည် အမှန်စကားကို ဆိုပါလျှင် မိမိခြိမ်းခြောက်ပြောဆိုသောနေ့တော်ကြီးကို ငါ တို့ထံ ဆိုက်ရောက်လာပါစေလော့။
Ghazi Mohammad Hashim
၎င်းတို့က (ဤသို့) ပြောဆိုခဲ့ကြကုန်၏။ "အသင်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ကိုးကွယ်ရာတို့မှ လွှဲဖယ်ရန် ကျွန်ုပ်တို့ထံ လာခဲ့လေသလော။ သို့ဖြစ်လျှင် အသင်သည် သစ္စာဝါဒီတစ်ဦးဖြစ်ပါမူ အသင်ကျွန်ုပ်တို့အား ခြိမ်းခြောက်လျက်ရှိသော(ပြစ်ဒဏ်)ကို ကျွန်ုပ်တို့ထံ ယူဆောင်ခဲ့လော့"။
Hashim Tin Myint
သူတို့က ‌ပြောဆိုကြသည်။ အသင်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ကိုးကွယ်ရာများမှ လွှဲဖယ်ရန် ကျွန်ုပ်တို့ထံသို့လာခဲ့သ‌လော။ သို့ဖြစ်ရာ အသင်သည် မှန်ကန်သူတစ်ဦးဖြစ်ခဲ့လျှင်အသင် ကျွန်ုပ်တို့အား ကတိပြုခြိမ်း‌ခြောက်‌နေသည့်အရာ (ပြစ်ဒဏ်)ကို ကျွန်ုပ်တို့ထံသို့ ယူ‌ဆောင်လာခဲ့ပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek