×

ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာကိုလည်းကောင်း၊ ယင်းတို့နှစ်ခုကြား၌ ရှိသမျှတို့ကို လည်းကောင်း၊ အမှန်တရားသစ္စာအဖြစ် (အဓိပ္ပါယ်ပြည့်စုံသောရည်ရွယ်ချက် ဆင်ခြင်တုံတရားနှင့်နိယာမတော် အခြေခံမူများနှင့်လျော်ညီစွာ) သာ ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့သည့်အပြင် အချိန်ကာလတစ်ခုကိုလည်း 46:3 Burmese translation

Quran infoBurmeseSurah Al-Ahqaf ⮕ (46:3) ayat 3 in Burmese

46:3 Surah Al-Ahqaf ayat 3 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ahqaf ayat 3 - الأحقَاف - Page - Juz 26

﴿مَا خَلَقۡنَا ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَآ إِلَّا بِٱلۡحَقِّ وَأَجَلٖ مُّسَمّٗىۚ وَٱلَّذِينَ كَفَرُواْ عَمَّآ أُنذِرُواْ مُعۡرِضُونَ ﴾
[الأحقَاف: 3]

ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာကိုလည်းကောင်း၊ ယင်းတို့နှစ်ခုကြား၌ ရှိသမျှတို့ကို လည်းကောင်း၊ အမှန်တရားသစ္စာအဖြစ် (အဓိပ္ပါယ်ပြည့်စုံသောရည်ရွယ်ချက် ဆင်ခြင်တုံတရားနှင့်နိယာမတော် အခြေခံမူများနှင့်လျော်ညီစွာ) သာ ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့သည့်အပြင် အချိန်ကာလတစ်ခုကိုလည်း သတ်မှတ်ပိုင်းခြားပြဌာန်းတော်မူ၏။ သို့တစေလည်း မယုံကြည်သွေဖည်ငြင်းပယ်သောသူတို့မူကား သူတို့အား သတိပေးနှိုးဆော်ခြင်းခံကြရသည်များမှ ကျောခိုင်း၍ မျက်နှာလွှဲလျက်ပင် ရှိကြ၏။

❮ Previous Next ❯

ترجمة: ما خلقنا السموات والأرض وما بينهما إلا بالحق وأجل مسمى والذين كفروا, باللغة البورمية

﴿ما خلقنا السموات والأرض وما بينهما إلا بالحق وأجل مسمى والذين كفروا﴾ [الأحقَاف: 3]

Ba Sein
၃။ ငါသည် ကမ္ဘာမြေပြင် မိုးကောင်းကင်ကို ကောင်းကျိုးအတွက်မှတပါး အခြားအတွက် ဖန်ဆင်းတော်မမူချေ၊ ထို့အပြင်သတ်မှတ်ထားသောကာလအချိန်အတွက်သာဖြစ်၏၊ သို့သော်မယုံကြည်သူတို့သည် သတိပေးနှိုးဆော် ခြင်းမှ လှည့်သွားကြ၏။
Ghazi Mohammad Hashim
ငါအရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ယင်းမိုး ကောင်းကင်များနှင့်ကမ္ဘာမြေ နှစ်ခု၏အကြားတွင် ရှိသမျှတို့ကိုလည်းကောင်း၊ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် လျော်ညီစွာ ဖန်ဆင်းတော်မူခဲ့သည့်အပြင် အချိန်ကာလတစ်ခု သတ်မှတ်ပိုင်းခြား၍ ဖန်ဆင်းတော်မူခဲ့၏။ သို့တစေလည်း သွေဖည်ငြင်းပယ်သော သူတို့မှာမူ မိမိတို့ သတိပေးနှိုးဆော်ခြင်း ခံကြရသည်များမှ မျက်နှာလွှဲလျက်ပင် ရှိကြကုန်၏။
Hashim Tin Myint
ငါအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအပြင် ထိုနှစ်ခုကြားတွင် ရှိသမျှတို့အား တိကျမှန်ကန်မှုဖြင့် ဖန်ဆင်း‌တော်မူခဲ့သည့်အပြင် အချိန်ကာလတစ်ခုသတ်မှတ်ပြီး ဖန်ဆင်း‌တော်မူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ငြင်းပယ်သည့်သူများသည် သူတို့ သတိ‌ပေးနှိုး‌ဆော်ခံကြရခြင်းများမှ မျက်နှာလွှဲ‌နေကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek