Quran with Burmese translation - Surah Muhammad ayat 12 - مُحمد - Page - Juz 26
﴿إِنَّ ٱللَّهَ يُدۡخِلُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۖ وَٱلَّذِينَ كَفَرُواْ يَتَمَتَّعُونَ وَيَأۡكُلُونَ كَمَا تَأۡكُلُ ٱلۡأَنۡعَٰمُ وَٱلنَّارُ مَثۡوٗى لَّهُمۡ ﴾
[مُحمد: 12]
﴿إن الله يدخل الذين آمنوا وعملوا الصالحات جنات تجري من تحتها الأنهار﴾ [مُحمد: 12]
Ba Sein ၁၂။ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် ယုံကြည်၍ ကုသိုလ်ကောင်းမှုပြုကျင့်သူတို့အား မြစ်ချောင်းအယဉ်အထွေထွေ စီးဆင်းလျက်ရှိသောနိဗ္ဗာန်ဥယျာဉ်တော်များအတွင်းသို့ ဝင်စေတော်မူလိမ့်မည်၊ မိစ္ဆာအယူဝါဒကို စွဲလမ်းသော သူတို့မှာမူကား လောကီစည်းစိမ်၌ မြူးထူးလျက် တိရိစ္ဆာန်များကျင့်သကဲ့သို့ ကျင့်ကြံသဖြင့် အဝီစိငရဲမီးထဲတွင် နေထိုင်ကြရလိမ့်မည်။ |
Ghazi Mohammad Hashim ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ‘အီမာန်’သက်ဝင်ယုံကြည်ပြီးနောက် ကောင်းမှုများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အား ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ယင်းဥယျာဉ်များ၏ အောက်၌ ရေချောင်းများသည် စီးတွေလျက် ရှိကြပေမည်။ သို့ရာတွင် ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့မှာကား ခြေလေးချောင်းတိရစ္ဆာန်တို့စား(သောက်)ကြသကဲ့သို့ပင်(လောကီဘဝ၌သာလျှင်) စည်းစိမ်ခံခြင်း ကိုလည်းကောင်း၊ စား(သောက်၊ နေထိုင်)ခြင်းကို လည်းကောင်း၊ ပြုလုပ်၍နေကြကုန်၏။ စင်စစ်မှာမူကား (ငရဲ)မီးသာလျှင် ၎င်းတို့၏ နေရာထိုင်ခင်း (အစစ်အမှန်) ဖြစ်ပေသည်။ |
Hashim Tin Myint အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်ပြီးနောက် ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ကြသည့်သူများအား ဥယျာဉ်များထဲသို့ ဝင်ရောက်စေတော်မူမည်။ ထိုဥယျာဉ်များ၏အောက်တွင် စမ်းရေချောင်းများ စီးဆင်းလျက်ရှိမည်။ ထို့ပြင် ကာဖိရ်ငြင်းပယ်သူများကမူ ခြေလေးချောင်းတိရစာ္ဆန်များ စား(သောက်)ကြသကဲ့သို့ (ဤလောကတွင်)စည်းစိမ်ခံခြင်းနှင့် စား(သောက်နေထိုင်)ခြင်းကို ပြုလုပ်နေကြသည်။ ထို့ပြင် ငရဲမီးပင် သူတို့၏ နေရာထိုင်ခင်းဖြစ်သည်။ |