×

ထိုသို့ဖြစ်ခြင်းမှာ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်သူတို့၏ (ကိစ္စအဝဝကို ဖြည့်ဆည်း ဆောင်ရွက်ပေးတော်မူသော) ကာကွယ်စောင့်ရှောက်သူဖြစ်ပြီး မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့မူကား သူတို့အတွက် 47:11 Burmese translation

Quran infoBurmeseSurah Muhammad ⮕ (47:11) ayat 11 in Burmese

47:11 Surah Muhammad ayat 11 in Burmese (البورمية)

Quran with Burmese translation - Surah Muhammad ayat 11 - مُحمد - Page - Juz 26

﴿ذَٰلِكَ بِأَنَّ ٱللَّهَ مَوۡلَى ٱلَّذِينَ ءَامَنُواْ وَأَنَّ ٱلۡكَٰفِرِينَ لَا مَوۡلَىٰ لَهُمۡ ﴾
[مُحمد: 11]

ထိုသို့ဖြစ်ခြင်းမှာ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်သူတို့၏ (ကိစ္စအဝဝကို ဖြည့်ဆည်း ဆောင်ရွက်ပေးတော်မူသော) ကာကွယ်စောင့်ရှောက်သူဖြစ်ပြီး မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့မူကား သူတို့အတွက် (အရှင်မြတ်နှင့်ဆန့်ကျင်၍ ကူညီစောင်မနိုင်မည့်) ကာကွယ်စောင့်ရှောက်သူဟူ၍ အလျှင်း မရှိသောကြောင့်ပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: ذلك بأن الله مولى الذين آمنوا وأن الكافرين لا مولى لهم, باللغة البورمية

﴿ذلك بأن الله مولى الذين آمنوا وأن الكافرين لا مولى لهم﴾ [مُحمد: 11]

Ba Sein
၁၁။ သို့ဖြစ်ရခြင်းမှာ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်သူတို့ကို အထူးကြည့်ရှုထောက်ပံ့တော်မူ၍ မယုံကြည်သူ တို့၌မူကား စောင့်ရှောက်မည့်သူမရှိခြင်းကြောင့်ဖြစ်၏။
Ghazi Mohammad Hashim
ယင်းသို့ဖြစ်ခြင်းမှာ အလ္လာဟ်အရှင်မြတ်သည်’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏ ကိစ္စအဝဝကို ဆောင်ရွက်ပေးတော်မူသောအရှင် ဖြစ်တော်မူသောကြောင့် လည်းကောင်း၊ 'ကာဖိရ်' သွေဖည်ငြင်းပယ်သောသူတို့၌ ကိစ္စအဝဝကို ဆောင်ရွက်ပေးတော်မူသောအရှင်ဟူ၍ အလျှင်း မရှိသောကြောင့်လည်းကောင်း၊ ဖြစ်ပေသည်။
Hashim Tin Myint
ထိုသို့ဖြစ်ရသည်မှာ အမှန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများ၏ကိစ္စဟူသမျှကို ‌ဆောင်ရွက်‌ပေး‌တော်မူ‌သောသခင်အစစ်အမှန်ဖြစ်သည့်အတွက်နှင့် အမှန်စင်စစ် ကာဖိရ်များတွင် ကိစ္စဟူသမျှကို ‌ဆောင်ရွက်‌ပေး‌တော်မူ‌သော အရှင်သခင်မရှိခြင်း‌ကြောင့်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek