Quran with Burmese translation - Surah Muhammad ayat 13 - مُحمد - Page - Juz 26
﴿وَكَأَيِّن مِّن قَرۡيَةٍ هِيَ أَشَدُّ قُوَّةٗ مِّن قَرۡيَتِكَ ٱلَّتِيٓ أَخۡرَجَتۡكَ أَهۡلَكۡنَٰهُمۡ فَلَا نَاصِرَ لَهُمۡ ﴾
[مُحمد: 13]
﴿وكأين من قرية هي أشد قوة من قريتك التي أخرجتك أهلكناهم فلا﴾ [مُحمد: 13]
Ba Sein ၁၃။ အို-တမန်တော်၊ သင့်ကို မောင်းထုတ်လိုက်သောနယ်ပယ်ထက်သာလွန်ကြီးမားတောင့်တင်းသောမြို့ရွာနယ်ပယ် မြောက်မြားစွာကို ငါဖျက်ဆီးတော်မူလေပြီ၊ ထိုမြို့များကို ကာကွယ်စောင့်ရှောက်မည့်သူမရှိချေ။ |
Ghazi Mohammad Hashim စင်စစ်သော်ကား မြောက်မြားစွာသော မြို့ရွာများမှာ၊ ခွန်အားဗလအားဖြင့် အသင့်အား နှင်ထုတ်ခဲ့သော အသင်၏မြို့ရွာထက်ပိုမို (ကြီးမား) ပြင်းထန်ခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ထိုမြို့ရွာများကို ဖျက်ဆီးတော်မူခဲ့၏။ ၎င်းတို့အား ကူညီစောင်မမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိခဲ့ပေတကား။ |
Hashim Tin Myint ထို့ပြင် မြို့ရွာအမြောက်အမြား(တွင်နေထိုင်သူများ)သည် အသင်(တမန်တော်)အား နှင်ထုတ်ခဲ့သော အသင်၏မြို့(တွင်နေထိုင်သူများ)ထက်ပင် အင်အားအနေဖြင့် ပိုမိုပြင်းထန်ခဲ့ကြသည်။ ငါအရှင်မြတ်သည် ထိုမြို့ရွာသားများအားဖျက်ဆီးတော်မူခဲ့သည်။ သို့ဖြစ်ရာ သူတို့အား ကူညီမည့်သူ မည်သူမျှမရှိခဲ့ပေ။ |