×

ရှုမြင်ကြလော့။ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (အရှင့်ကျေနပ်နှစ်မြို့မှုအတွက် သင်တို့၏ဥစ္စာဓနများမှ ပေးကမ်း၊ စွန့်လှူ) သုံးစွဲကြရန် ဖိတ်ခေါ်ခြင်းခံကြရသောပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း သင်တို့အနက် အချို့သည် 47:38 Burmese translation

Quran infoBurmeseSurah Muhammad ⮕ (47:38) ayat 38 in Burmese

47:38 Surah Muhammad ayat 38 in Burmese (البورمية)

Quran with Burmese translation - Surah Muhammad ayat 38 - مُحمد - Page - Juz 26

﴿هَٰٓأَنتُمۡ هَٰٓؤُلَآءِ تُدۡعَوۡنَ لِتُنفِقُواْ فِي سَبِيلِ ٱللَّهِ فَمِنكُم مَّن يَبۡخَلُۖ وَمَن يَبۡخَلۡ فَإِنَّمَا يَبۡخَلُ عَن نَّفۡسِهِۦۚ وَٱللَّهُ ٱلۡغَنِيُّ وَأَنتُمُ ٱلۡفُقَرَآءُۚ وَإِن تَتَوَلَّوۡاْ يَسۡتَبۡدِلۡ قَوۡمًا غَيۡرَكُمۡ ثُمَّ لَا يَكُونُوٓاْ أَمۡثَٰلَكُم ﴾
[مُحمد: 38]

ရှုမြင်ကြလော့။ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (အရှင့်ကျေနပ်နှစ်မြို့မှုအတွက် သင်တို့၏ဥစ္စာဓနများမှ ပေးကမ်း၊ စွန့်လှူ) သုံးစွဲကြရန် ဖိတ်ခေါ်ခြင်းခံကြရသောပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း သင်တို့အနက် အချို့သည် (သူတို့၏ဥစ္စာဓနများကို အမိအရ ဆုပ်ကိုင်ချုပ်တည်းထားလျက်) စေးနှဲကြသူများ ဖြစ်ကြ၏။ အမှန်သော်ကား မည်သူမဆို ထိုသို့ချုပ်တည်းလျက် စေးနှဲပါမူ၊ ထိုသူသည် သူ့နဖ်စ် (ခေါ် မျိုးရိုး ဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို သူ့အလိုရမ္မက်အတွက် အသုံးချလျက် ချုပ်တည်းစေးနှဲခြင်းပင် ဖြစ်၏။ စင်စစ်သော်မူကား အလ္လာဟ်အရှင်မြတ်သည် (လိုလားတောင့်တမှု ကင်းမဲ့တော်မူ၍) ကုံလုံပြည့်စုံတော်မူပြီး သင်တို့သည် (အကန့်အသတ်မဲ့ လိုလားတောင့်တလျက်) နွမ်းပါးချို့တဲ့သူများပင် ဖြစ်ကြ၏။ ထို့ပြင် အကယ်၍ သင်တို့သည် (သစ္စာတရား အမှန်တရားနှင့်အရှင့်စည်းမျဉ်းတော်များမှ) မျက်နှာလွှဲကျောခိုင်းကြလျှင် ထိုအရှင်မြတ်သည် (သင်တို့အား ဖယ်ရှားတော်မူ၍) သင်တို့၏နေရာတွင် အခြားသောလူမျိုးတို့ဖြင့် အစားထိုး ပြောင်းလဲစေတော်မူမည်။ ထိုနောက် ထိုလူမျိုးသည်ကား သင်တို့နှင့်ကဲ့သို့ ဖြစ်ကြမည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: هاأنتم هؤلاء تدعون لتنفقوا في سبيل الله فمنكم من يبخل ومن يبخل, باللغة البورمية

﴿هاأنتم هؤلاء تدعون لتنفقوا في سبيل الله فمنكم من يبخل ومن يبخل﴾ [مُحمد: 38]

Ba Sein
၃၈။ အေ-ကြားနာရသူတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် ပေးကမ်းလှုဒါန်းရမည်ဟု ပညတ် တော်မူ၏၊ သင်တို့အနက် အချို့သောသူတို့သည် မလှုရက်စေးနဲသူတို့ဖြစ်ကြ၏၊ အကြင်သူတို့သည် မသုံးရက် မလှုရက်ပဲ စည်းစိမ်ဥစ္စာစုဆောင်းမြှုပ်နှံထားကြအ့ံ၊ ထိုသူတို့သည် စေးနဲခြင်းအားဖြင့် မိမိကိုယ်ကို နစ်နာစေသည် မျှသာဖြစ်၏၊ အလ္လာဟ်အရှင်မြတ်သည် ဥစ္စာပစ္စည်းကြွယ်ဝတော်မူလှ၏၊ သင်တို့သာ ဆင်းရဲကြ၏၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို မကိုးကွယ်ကျောပေးလျှင် အရှင်မြတ်သည် သင်တို့ကို ဖျက်ဆီး၍ သင်တို့အစား အခြားသူတို့ကို ဖန်ဆင်းတော်မူလိမ့်မည်၊ ထိုသူတို့သည် သင်တို့နှင့်တူကြမည်မဟုတ်ချေ။
Ghazi Mohammad Hashim
ဟယ်-(အချင်းတို့၊) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း၌ သုံးစွဲရန် ဖိတ်ခေါ်ခြင်းကို ခံကြရသောသူများပင်။ သို့ရာတွင် အသင်တို့အနက် အချို့မှာ စေးနှဲသောသူများဖြစ်ကြကုန်၏။ အမှန်သော်ကား မည်သူမဆို စေးနှဲပါမူ ထိုသူသည် မိမိကိုယ်နှင့်ပတ်သက်၍ စေးနှဲသည်သာတည်း။ စင်စစ်သော်မူကား အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင် ဖြစ်တော်မူ၏။ သို့ရာတွင် အသင်တို့သည် လိုလားတောင့်တသူများပင် ဖြစ်ကြကုန်၏။၎င်းပြင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲကြပါမူ ထိုအရှင်မြတ်သည် (အသင်တို့အား) အသင်တို့၏နေရာတွင် အခြားသောအမျိုးသားတို့ဖြင့် လဲလှယ်တော်မူပေမည်။ ထိုအမျိုးသားတို့မှာကား အသင်တို့နှင့် တူကြမည် မဟုတ်ပေ။
Hashim Tin Myint
ကြည့်စမ်းပါ၊ အသင်တို့သည် ဤသို့‌သောသူများပင်၊ အသင်တို့အား အလ္လာဟ်အရှင်မြတ်၏လမ်းတွင် အသင်တို့သုံးစွဲလှူဒါန်းရန် ဖိတ်‌ခေါ်ခြင်းခံကြရသည့်အခါ အသင်တို့ထဲမှ အချို့သည် ‌စေးနှဲသူများဖြစ်ကြသည်။ ထို့ပြင် မည်သူမဆို ‌စေးနှဲလျှင် သူသည် သူ၏အတွက်ပင် ‌စေးနှဲခြင်းဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူ၍ အသင်တို့သည် လိုလား‌တောင့်တသူများပင် ဖြစ်ကြသည်။ ထို့ပြင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲကြလျှင် အရှင်မြတ်သည် အသင်တို့၏‌နေရာ၌ အခြားအမျိုးသားများနှင့် လဲလှယ်‌တော်မူမည်။ ထို့ပြင် ထိုအမျိုးသားများသည် အသင်တို့နှင့် တူကြမည်မဟုတ်‌ပေ။ ###၁၄
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek