×

(ထိုသို့ အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချစေတော်မူခြင်းမှာ) ထိုအရှင်မြတ်သည် သက်ဝင်ယုံကြည်သူ အမျိုးသားများနှင့်အမျိုးသမီးများကို အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များထဲသို့ ဝင်ရောက်စေတော်မူ၍ ထိုထဲ၌ 48:5 Burmese translation

Quran infoBurmeseSurah Al-Fath ⮕ (48:5) ayat 5 in Burmese

48:5 Surah Al-Fath ayat 5 in Burmese (البورمية)

Quran with Burmese translation - Surah Al-Fath ayat 5 - الفَتح - Page - Juz 26

﴿لِّيُدۡخِلَ ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا وَيُكَفِّرَ عَنۡهُمۡ سَيِّـَٔاتِهِمۡۚ وَكَانَ ذَٰلِكَ عِندَ ٱللَّهِ فَوۡزًا عَظِيمٗا ﴾
[الفَتح: 5]

(ထိုသို့ အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချစေတော်မူခြင်းမှာ) ထိုအရှင်မြတ်သည် သက်ဝင်ယုံကြည်သူ အမျိုးသားများနှင့်အမျိုးသမီးများကို အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များထဲသို့ ဝင်ရောက်စေတော်မူ၍ ထိုထဲ၌ အမြဲထာဝရ နေထိုင်စေတော်မူရန်လည်းကောင်း သူတို့၏မှားယွင်း ချွတ်ချော်မှုများနှင့်အကုသိုလ်များကို ဖယ်ရှားဖုံးကွယ်ထားတော်မူရန်လည်းကောင်း ဖြစ်ပေ၏။ စင်စစ်သော်ကား ထိုကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်ထံတော်၌ (သူတို့အတွက်) ကြီးကျယ်သော မဟာအောင်မြင်မှု ထားရှိတော်မူ၏။

❮ Previous Next ❯

ترجمة: ليدخل المؤمنين والمؤمنات جنات تجري من تحتها الأنهار خالدين فيها ويكفر عنهم, باللغة البورمية

﴿ليدخل المؤمنين والمؤمنات جنات تجري من تحتها الأنهار خالدين فيها ويكفر عنهم﴾ [الفَتح: 5]

Ba Sein
၅။ ယုံကြည်သောယောက်ျားမိန်းမတို့ကို နိဗ္ဗာန်ဥယျာဉ်တော်များအတွင်း သွတ်သွင်းချီးမြှင့်တော်မူရနန် အလို့ငှာလည်း ဖြစ်၏၊ ထိုဥယျာဉ်တော်များအောက်၌ မြစ်ချောင်းအယဉ်အထွေထွေစီးဆင်းလျက်ရှိ၏၊ ထိုဥယျာဉ်တော်များ၌ သူတို့သည် အစဉ်စံစားရလိမ့်မည်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့၏အပြစ်များကိုလည်း ခွင့်လွှတ်တော်မူလိမ့် မည်၊ ဤဆုတော်တို့သည်ကား အလ္လာဟ်အရှင်မြတ်ရှေ့တော်ဝယ် အမြင့်မြတ်ဆုံးသောအောင်ဆုမင်္ဂလာတော် ကြီးဖြစ်၏။
Ghazi Mohammad Hashim
(ထိုသို့ဖြစ်ရခြင်းမှာ) ထိုအရှင်မြတ်သည် သက်ဝင်ယုံကြည်သော ယောက်ျားများအားလည်းကောင်း၊ သက်ဝင်ယုံကြည်သော မိန်းမများအားလည်းကောင်း၊ အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူအံ့သောငှာဖြစ်၏။ ၎င်းတို့သည် ထိုဥယျာဉ်များထဲတွင် ထာဝစဉ် နေကြရမည်ဖြစ်သည်။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်းတို့မှ ၎င်းတို့၏ပြစ်မှု၊ ဒုစရိုက်တို့ကို ပပျောက်စေတော်မူအံ့သောငှာဖြစ်၏။စင်စစ်သော်ကား ထိုသည်ပင်လျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ ကြီးကျယ်လှစွာသော အောင်မြင်မှုဖြစ်၏။
Hashim Tin Myint
(ထိုသို့ ‌အောင်မြင်မှု‌ပေးရခြင်းမှာ) အရှင်မြတ်သည် အီမာန်ယုံကြည်သူ အမျိုးသားများနှင့် အမျိုးသမီးများကို အကြင်ဥယျာဉ်များသို့ ဝင်‌ရောက်‌စေ‌တော်မူရန်အတွက်ဖြစ်သည်။ သူတို့သည် ထိုဥယျာဉ်များတွင် အမြဲ‌နေကြရမည်ဖြစ်သည်။ ထိုဥယျာဉ်များ၏‌အောက်မှ စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေမည်။ ထို့ပြင် အရှင်မြတ်သည် သူတို့ထံမှ သူတို့၏ပြစ်မှုများကို ပ‌ပျောက်‌စေ‌တော်မူရန်အတွက်ဖြစ်သည်။ ထို့ပြင် ၎င်းသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ကြီးကျယ်‌သော‌အောင်မြင်မှုပင်ဖြစ်သည်။ ###၃
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek