Quran with Burmese translation - Surah Al-Fath ayat 6 - الفَتح - Page - Juz 26
﴿وَيُعَذِّبَ ٱلۡمُنَٰفِقِينَ وَٱلۡمُنَٰفِقَٰتِ وَٱلۡمُشۡرِكِينَ وَٱلۡمُشۡرِكَٰتِ ٱلظَّآنِّينَ بِٱللَّهِ ظَنَّ ٱلسَّوۡءِۚ عَلَيۡهِمۡ دَآئِرَةُ ٱلسَّوۡءِۖ وَغَضِبَ ٱللَّهُ عَلَيۡهِمۡ وَلَعَنَهُمۡ وَأَعَدَّ لَهُمۡ جَهَنَّمَۖ وَسَآءَتۡ مَصِيرٗا ﴾
[الفَتح: 6]
﴿ويعذب المنافقين والمنافقات والمشركين والمشركات الظانين بالله ظن السوء عليهم دائرة السوء﴾ [الفَتح: 6]
Ba Sein ၆။ ယုံကြည်ဟန်ဆောင်သူယောက်ျားမိန်းမတို့နှင့် ဆင်းတုများကို ကိုးကွယ်သူယောက်ျားမိန်းမတို့ကို အပြစ်ဒဏ်ခတ် ရန် အလို့ငှာလည်းဖြစ်၏၊ သူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်တွင် အထင်အမြင်မှောက်မှားကြ၏၊ သူတို့ အတွက် ဆင်းရဲဒုက္ခကြီးရှိ၏၊ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို အမျက်ရှတော်မူ၍ ကျိန်ဆဲတော်မူပြီ၊ သူ တို့အတွက် အဝီစိငရဲကို အသင့်ထားတော်မူ၏၊ ဤငရဲသည် အလွန်ဆိုးဝါးသောခရီးဆုံးတည်း။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မကောင်းသော ထင်မြင်ယူဆချက်ကို ထင်မြင်ယူဆကြကုန်သော ‘မုနာဖစ်က်’ မုစ်လင်မ်အယောင်ဆောင် ယောက်ျား၊ မိန်းမတို့အားလည်းကောင်း၊ ‘မုရှ်ရစ်က်’ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် နှိုင်းယှဉ်ကိုးကွယ်ကြသော ယောက်ျား၊ မိန်းမတို့အားလည်းကောင်း၊ ပြစ်ဒဏ်ပေးတော်မူအံ့သောငှာဖြစ်၏။ ၎င်းတို့၌ ဘေးဆိုးသည် ဆိုက်ရောက်တော့မည်ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏အပေါ်၌ အမျက်ထွက်တော်မူမည်။ ထို့ပြင် ၎င်းတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ ‘ဂျဟန္နမ်’ ငရဲဘုံကို အဆင်သင့်ပြုလုပ်၍ ထားတော်မူ၏။ စင်စစ်မှာမူကား ယင်းငရဲဘုံသည် လွန်စွာ ဆိုးရွားလှသော နေရာထိုင်ခင်းပင် ဖြစ်ပေသည်။ |
Hashim Tin Myint ထို့ပြင် အရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ မကောင်းထင်မြင်မှုကို ထင်မြင်ခဲ့ကြသော မုနာဖိက်အယောင်ဆောင်ယောက်ျား၊ မိန်းမများနှင့် မုရှ်ရိက်ယောက်ျား၊ မိန်းမများကို ပြစ်ဒဏ်ပေးတော်မူရန်အတွက်ဖြစ်သည်။ သူတို့အပေါ်တွင် ဆိုးဝါးသော ဒုက္ခရောက်မည်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ်တွင် အမျက်ထွက်တော်မူပြီး သူတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူမည့်အပြင် အရှင်မြတ်သည် သူတို့အတွက် ဂျဟန္နမ်ငရဲဘုံကို အဆင်သင့်ပြုလုပ်ထားတော်မူသည်။ ထို့ပြင် ထိုငရဲဘုံသည် အလွန်ဆိုးရွားလှသော နေရာထိုင်ခင်းဖြစ်သည်။ |