Quran with Burmese translation - Surah Al-Fath ayat 8 - الفَتح - Page - Juz 26
﴿إِنَّآ أَرۡسَلۡنَٰكَ شَٰهِدٗا وَمُبَشِّرٗا وَنَذِيرٗا ﴾ 
[الفَتح: 8]
﴿إنا أرسلناك شاهدا ومبشرا ونذيرا﴾ [الفَتح: 8]
| Ba Sein ၈။ မှတ်သားလော့၊ အေ-တမန်တော်၊ ငါသည် သင့်ကို သက်သေတော်အဖြစ်ဖြင့်သော်လည်းကောင်း၊ ဝမ်းမြောက် ဖွယ်သတင်းကောင်းကို ပေးကြားရန်သော်လည်းကောင်း၊ အပြစ်ဒဏ်တော်အကြောင်းသတိပေးရန်သော် လည်းကောင်း စေလွှတ်တော်မူ၏။ | 
| Ghazi Mohammad Hashim (အို-နဗီတမန်တော်၊) ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား သက်သေအဖြစ်လည်းကောင်း၊ သတင်းကောင်း ပြောကြားသူ အဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူ အဖြစ်လည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။ | 
| Hashim Tin Myint အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား သက်သေအဖြစ်၊ သတင်းကောင်းပြောကြားသူအဖြစ်နှင့် သတိပေးနှိုးဆော်သူအဖြစ် စေလွှတ်တော်မူခဲ့သည်။ |