﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا يَسۡخَرۡ قَوۡمٞ مِّن قَوۡمٍ عَسَىٰٓ أَن يَكُونُواْ خَيۡرٗا مِّنۡهُمۡ وَلَا نِسَآءٞ مِّن نِّسَآءٍ عَسَىٰٓ أَن يَكُنَّ خَيۡرٗا مِّنۡهُنَّۖ وَلَا تَلۡمِزُوٓاْ أَنفُسَكُمۡ وَلَا تَنَابَزُواْ بِٱلۡأَلۡقَٰبِۖ بِئۡسَ ٱلِٱسۡمُ ٱلۡفُسُوقُ بَعۡدَ ٱلۡإِيمَٰنِۚ وَمَن لَّمۡ يَتُبۡ فَأُوْلَٰٓئِكَ هُمُ ٱلظَّٰلِمُونَ ﴾
[الحُجُرَات: 11]
အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ လူမျိုးတစ်မျိုးသည် အခြားလူမျိူးတစ်မျိုးအားဖြစ်စေ၊ သင်တို့အနက်မှ (အချို့သည် အချို့ထက်) ကောင်းမြတ်ကောင်းကောင်းမြတ်နိုင်သော်လည်း မည်သည့်အမျိုးသား ကမျှ အခြားအမျိုးသားကိုဖြစ်စေ၊ အသင်မတို့အနက်မှ (အချို့သည် အချို့ထက်) ကောင်းမြတ်ကောင်း၊ ကောင်း မြတ်နိုင်သော်လည်း မည်သည့်အမျိုးသမီးကမျှ အခြားအမျိုးသမီးကိုဖြစ်စေ ပြက်ရယ်ပြု လှောင်ပြောင် သရော်ခြင်း မပြုကြလေနှင့်။ ထို့ပြင် သင်တို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး (ငြူစူစောင်းမြောင်း ကဲ့ရဲ့ပြစ်တင် စော်ကားခြင်းဖြင့်) အသရေမဖျက်ကြလေနှင့်။ တစ်ဖန် သင်တို့သည် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်း သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်း ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကိုယ်စီရှိကြသူများဖြစ်၍ အချင်းချင်း တစ်ဦးကိုတစ်ဦး (ပြောင်လှောင်၍ ညီနောင်များ မနှစ်သက်သော) နာမည် ဖျက်များဖြင့် မခေါ်ကြလေနှင့်။ ယုံကြည်ခြင်းတရားရှိပြီးနောက်တွင်မှ မသတီစရာ ယုတ်ညံ့ဆိုးဝါးသော အမည် ဖျက်များဖြင့် လှောင်ပြောင်သရော်ခြင်းသည် အရှင့်စည်းဘောင်ကို ချိုးဖောက်၍ အာခံယုတ်မာသော စရိုက်များပင် ဖြစ်ကြ၏။ သို့ပါလျက် မည်သူမဆို (အမှားဝန်ခံ နောင်တရလျက် ဝန်ချတောင်းပန်ခြင်းဖြင့် အရှင်မြတ်၏ လမ်းစဉ်ဘက်သို့) ဦးတည်လှည့်ပြန်ခြင်း မပြုလျှင် ထိုသူတို့သည် (အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုး ဖောက်၍) မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူများ ဖြစ်ကြ၏။
ترجمة: ياأيها الذين آمنوا لا يسخر قوم من قوم عسى أن يكونوا خيرا, باللغة البورمية
﴿ياأيها الذين آمنوا لا يسخر قوم من قوم عسى أن يكونوا خيرا﴾ [الحُجُرَات: 11]