Quran with Burmese translation - Surah Al-Ma’idah ayat 106 - المَائدة - Page - Juz 7
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ شَهَٰدَةُ بَيۡنِكُمۡ إِذَا حَضَرَ أَحَدَكُمُ ٱلۡمَوۡتُ حِينَ ٱلۡوَصِيَّةِ ٱثۡنَانِ ذَوَا عَدۡلٖ مِّنكُمۡ أَوۡ ءَاخَرَانِ مِنۡ غَيۡرِكُمۡ إِنۡ أَنتُمۡ ضَرَبۡتُمۡ فِي ٱلۡأَرۡضِ فَأَصَٰبَتۡكُم مُّصِيبَةُ ٱلۡمَوۡتِۚ تَحۡبِسُونَهُمَا مِنۢ بَعۡدِ ٱلصَّلَوٰةِ فَيُقۡسِمَانِ بِٱللَّهِ إِنِ ٱرۡتَبۡتُمۡ لَا نَشۡتَرِي بِهِۦ ثَمَنٗا وَلَوۡ كَانَ ذَا قُرۡبَىٰ وَلَا نَكۡتُمُ شَهَٰدَةَ ٱللَّهِ إِنَّآ إِذٗا لَّمِنَ ٱلۡأٓثِمِينَ ﴾
[المَائدة: 106]
﴿ياأيها الذين آمنوا شهادة بينكم إذا حضر أحدكم الموت حين الوصية اثنان﴾ [المَائدة: 106]
Ba Sein ၁ဝ၆။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့အနက် တစ်စုံတစ်ယောက်သည် အသက်ကုန်ချိန် နီးကပ်လာ၍ သေတမ်းစာရေးသောအခါ သက်သေများရှိစေရမည်။ သက်သေမှာ သင်တို့အနက် သစ္စာသမာဓိ ရှိသူနှစ်ဦးဖြစ်ရမည်။ အကယ်၍ သင်တို့သည် တိုင်းတစ်ပါးတွင် စစ်တိုက်နေသောအခါ အသက် ကုန်လျှင် သက်သေမှာ အခြားအမျိုးသားထဲမှဖြစ်နိုင်၏။ သက်သေများမှာ ဆွလာသ်ဝတ်ပြုပြီးမှ သက်သေခံရမည်။ သင်တို့သည် သူတို့ကို ယုံမှားသံသယရှိကြလျှင် သူတို့အား အလ္လာဟ်အသျှင်မြတ် ကို တိုင်တည်၍ အကျွနု်ပ်တို့သည် မိမိတို့ဆွေဆမျိုးနီးစပ်အတွက်ဖြစ်သော်လည်း တံစိုးလက်ဆောင် စားမည်မဟုတ်ပါ။ အကျွနု်ပ်တို့သည် အလ္လာဟ်အသျှင်မြတ်၏ သက်သေခံချက်တော်ကို ထိန်ချန် ထားမည်မဟုတ်ပါ။ အကျွနု်ပ်တို့သည် တံစိုးစားကြပါလျှင် သက်သေခံချက်ကို ဝှက်ထားကြပါလျှင် အကျွနု်ပ်တို့သည် အပြစ်ရှိသူများဘောင်တွင် အမှန်ပင် ပါဝင်ကြပါမည်ဟု ကျမ်းကျိန်ဆိုကြစေလော့။ |
Ghazi Mohammad Hashim အို- သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ‘မရဏ’ သေခြင်းတရားသည် ဆိုက်ရောက်၍ (ထိုသူသည်) ဝဆွီယသ် မှာတမ်းစကားပြောကြားလေသောအခါ အသင်တို့အနက်မှ တရားမျှတမှုရှိသောသူနှစ်ယောက် သက်သေအဖြစ် ရှိကြရပေမည်။ သို့တည်းမဟုတ် အသင်တို့သည် မြေပြင်ဝယ်ခရီးထွက်နေစဉ် အသင်တို့၌ သေဘေးဆိုက်ရောက်ခဲ့သည်ရှိသော် အကယ်၍ မွတ်စ်လင်မ်မရှိသော် အသင်တို့မှတစ်ပါး အခြား (သာသနာဝင်) တို့အနက်မှ သက်သေနှစ်ဦးရှိကြရပေမည်။ အကယ်၍ အသင်တို့သည် မှာကြားခြင်းခံခဲ့ရသောသူတို့နှင့်ပတ်သက်၍ ဒွိဟသံသယမကင်း ဖြစ်ခဲ့ ကြပါမူ ထို (သက်သေ) နှစ်ယောက်ကို (ဗလီအတွင်း ‘ဆွလာသ်’ ဝတ်ပြုပြီးနောက် ဆိုင်းငံ့ထားကြလေကုန်။ ထိုအခါ ထိုသူတို့နှစ်ဦးစလုံးတို့သည် အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်၍ (ဤသို့) ကျိန်ဆိုကြရမည်။ “ကျွန်ုပ်တို့သည် (ဤကိစ္စ၌ မိမိတို့) ဆွေမျိုးနီးစပ် ပါဝင်နေသည့်တိုင်အောင် ဤသို့ကျိန်ဆိုခြင်းအားဖြင့် မည်သည့်အကျိုးကျေးဇူးကိုမျှ ရလိုကြသည်မဟုတ်ပေ။ ၎င်းပြင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် အမိန့်တော်အတိုင်း တာဝန်ရှိသောသက်သေခံခြင်းကိုလည်း လျှို့ဝှက် ထိမ်ချန်ထားရှိကြသည်မဟုတ်ချေ။ (အကယ်၍ ထိမ်ချန်လျှို့ဝှက်ထားရှိခဲ့မူ) ကျွန်ုပ်တို့သည် ဧကန်စင်စစ် အပြစ်မကင်းသော သူတို့အနက်မှပင် ဖြစ်ကုန်အံ့သတည်း။” |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့ထဲမှ တစ်ဦးတစ်ယောက်ထံသို့ သေခြင်းတရားဆိုက်ရောက်လာ(ခါနီး)၍ ဝစွီယသ် မှာတမ်းစကားပြောသောအခါ အသင်တို့ထဲမှ မျှတသော သက်သေနှစ်ဦးရှိရမည်။ သို့မဟုတ် အသင်တို့သည် မြေပြင်တွင် ခရီးထွက်နေစဉ် အသင်တို့၌ သေခြင်းဆိုက်ရောက်ခဲ့လျှင်*(အကယ်၍ အသင်တို့ထဲမှ မျှတသော သက်သေနှစ်ဦးမရှိလျှင်) အသင်တို့ထဲမှမဟုတ်သော အခြားသူများထဲမှ* သက်သေနှစ်ဦးရှိရမည်။ အကယ်၍ အသင်တို့သည် မှာကြားခြင်း ခံခဲ့ရသောသူများနှင့်ပတ်သက်၍ သံသယမကင်းဖြစ်ခဲ့ကြလျှင်၊ ထို(သက်သေ)နှစ်ဦးအား (ဗလီထဲ၌) စွလာသ်ဝတ်ပြုပြီးနောက် ဆိုင်းငံ့ထားကြပါ။ ထို့နောက် သူတို့နှစ်ဦးသည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီး (ဤသို့)ကျိန်ဆိုကြရမည်- “ကျွန်ုပ်တို့သည် ဆွေမျိုးဖြစ်နေခဲ့လျှင်လည်း ဤကျိန်ဆိုမှုဖြင့် မည်သည့်အကျိုးကျေးဇူးမှ ရလိုမှုမရှိပေ။* ၎င်းပြင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ သက်သေခံချက်ကိုလည်း ထိမ်ချန်ထားကြမည် မဟုတ်ပေ။ သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် အမှန်စင်စစ် အပြစ်ရှိသူများထဲမှ ဖြစ်ကြလိမ့်မည်။“ |