Quran with Burmese translation - Surah Al-Ma’idah ayat 105 - المَائدة - Page - Juz 7
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ عَلَيۡكُمۡ أَنفُسَكُمۡۖ لَا يَضُرُّكُم مَّن ضَلَّ إِذَا ٱهۡتَدَيۡتُمۡۚ إِلَى ٱللَّهِ مَرۡجِعُكُمۡ جَمِيعٗا فَيُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ ﴾
[المَائدة: 105]
﴿ياأيها الذين آمنوا عليكم أنفسكم لا يضركم من ضل إذا اهتديتم إلى﴾ [المَائدة: 105]
Ba Sein ၁ဝ၅။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် မိမိတို့ဝိညာဉ်ကို ထိန်းသိမ်းကြရ၏။ အကယ်၍ သင်တို့သည် လမ်းမှန်ကို ညွှန်ပြခြင်းခံကြရလျှင် အယူမှားသူသည် သင်တို့ကို နစ်နာအောင် မပြုလုပ်နိုင်ပေ။ သင်တို့အားလုံးသည် အလ္လာဟ်အသျှင်မြတ်အထံတော်သို့ ပြန်ကြရလိမ့်မည်။ ထိုအခါ အသျှင်မြတ် သည် သင်တို့အား မိမိတို့ပြုကျင့်လေ့ရှိသောအမှုအခင်းများကို ပြောပြတော်မူလိမ့်မည်။ |
Ghazi Mohammad Hashim အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ ထိန်းသိမ်း စောင့်ရှောက်ရန်အတွက်သာလျှင် ပူပန်ကြလေကုန်။ အသင်တို့၏တရားလမ်းစဉ်အတိုင်း (မတိမ်းမစောင်း) လိုက်နာနေကြပါလျှင် တရားလမ်းမှားသောသူသည် အသင်တို့ကို (မည်သို့မျှ) အကျိုးယုတ် နစ်နာစေနိုင်မည်မဟုတ်ပေ။ အသင်တို့အားလုံးတို့သည် နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် ပြန်ကြရလတ္တံ့။ ထိုအခါ ထိုအရှင်မြတ်သည် အသင်တို့ ပြုမူခဲ့သမျှတို့ကို အသင်တို့အား အသိပေးတော်မူအံ့။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် (တတ်စွမ်းနိုင်သမျှ သဗ်လီးဂ် ပြုလုပ်ညွှန်ကြားပြသပြီးနောက်) အသင်တို့ကိုယ်အသင်တို့ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်သာ ပူပင်ကြပါ။ အသင်တို့သည် လမ်းမှန်ပေါ်၌ရှိနေကြလျှင် လမ်းမှားသူသည် အသင်တို့အား အကျိုးယုတ်နစ်နာစေနိုင်မည် မဟုတ်ပေ။ အသင်တို့အားလုံး၏ ပြန်လှည့်ရာဌာနသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ပင် ဖြစ်သည်။ ထိုအခါ အရှင်မြတ်သည် အသင်တို့ပြုမူခဲ့ကြသည်များကို အသင်တို့အား အသိပေးတော်မူမည်။ |