Quran with Burmese translation - Surah Al-Ma’idah ayat 107 - المَائدة - Page - Juz 7
﴿فَإِنۡ عُثِرَ عَلَىٰٓ أَنَّهُمَا ٱسۡتَحَقَّآ إِثۡمٗا فَـَٔاخَرَانِ يَقُومَانِ مَقَامَهُمَا مِنَ ٱلَّذِينَ ٱسۡتَحَقَّ عَلَيۡهِمُ ٱلۡأَوۡلَيَٰنِ فَيُقۡسِمَانِ بِٱللَّهِ لَشَهَٰدَتُنَآ أَحَقُّ مِن شَهَٰدَتِهِمَا وَمَا ٱعۡتَدَيۡنَآ إِنَّآ إِذٗا لَّمِنَ ٱلظَّٰلِمِينَ ﴾
[المَائدة: 107]
﴿فإن عثر على أنهما استحقا إثما فآخران يقومان مقامهما من الذين استحق﴾ [المَائدة: 107]
Ba Sein ၁ဝ၇။ သို့သော် ထိုသက်သေများသည် မယုံကြည်ရသူများဖြစ်သည်ဟု သင်တို့နောက်မှသိကြလျှင် အမွေတောင်းသူများနှင့် အနီးဆုံးသောဆွေမျိုးတို့အစား အခြားသူနှစ်ယောက်ကို ခေါ်ကြလော့။ သူတို့ကိုလည်း အလ္လာဟ်အသျှင်မြတ်ကို တိုင်တည်၍ အကျွနု်ပ်တို့၏ သက်သေထွက်ချက်သည် ထိုသူနှစ်ဦး၏ သက်သေထွက်ချက်ထက် သာလွန်မှန်ကန်ပါသည်။ အကျွနု်ပ်တို့သည် မိမိတို့ ဝတ္တရားကို မပျက်မကွက်ကြပါ။ ပျက်ကွက်ပါလျှင် အကျွနု်ပ်တို့သည် မုချဧကန် ဒုစရိုက်မှု ကျူးလွန် သူတို့ဘောင်တွင် ပါဝင်ရမည်ဟု ကျမ်းသစ္စာ ကျိန်ဆိုစေကြလော့။ |
Ghazi Mohammad Hashim တစ်ဖန် အကယ်၍ ၎င်းတို့နှစ်ဦးသည် (တစ်စုံတစ်ရာအပြစ်) ကျူးလွန်ခဲ့ကြောင်း သိရှိရပါလျှင် ထိုအပြစ်ရှိသူနှစ်ဦး၏နေရာတွင် (ကွယ်လွန်သူ၏) ဆွေမျိုးအနီးစပ်ဆုံး အမွေစားတို့အနက် သက်သေနှစ်ယောက်ရပ်ပြီးလျှင် “ကျွန်ုပ်တို့၏သက်သေခံခြင်းမှာ ထိုသူတို့နှစ်ဦးသက်သေခံခြင်းထက် ပိုမို၍မှန်ကန်ပါသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် (ပစ္စည်းတောင်းဆိုရာတွင်လည်းကောင်း၊ ဝဆွီများအား စွပ်စွဲရာတွင်လည်းကောင်း၊) စည်းကမ်းကျူးလွန်ခြင်းလည်း မရှိကြပါ။ (အကယ်၍သာ ကျူးလွန်ခဲ့သည်ရှိသော်) ကျွန်ုပ်တို့သည် မလွဲဧကန် မတော်မတရားကျူးလွန်သောသူတို့အနက် အပါအဝင်ဖြစ်ကြပါအံ့” ဟု အလ္လာဟ်အရှင်မြတ်အားတိုင်တည်၍ ကျိန်ဆိုကြရပေမည်။ |
Hashim Tin Myint ၎င်းပြင် အကယ်၍ သူတို့နှစ်ဦးသည် အပြစ်ရှိကြောင်းသိရလျှင်၊* ထိုအပြစ်ရှိသူနှစ်ဦး၏နေရာ၌ (ကွယ်လွန်သူ၏)ဆွေမျိုးအနီးစပ်ဆုံးအမွေစားများထဲမှ သက်သေနှစ်ဦးရပ်ပြီး၊ “အမှန်စင်စစ် ကျွန်ုပ်တို့၏ သက်သေခံခြင်းသည် သူတို့နှစ်ဦး သက်သေခံခြင်းထက် ပိုမှန်ပါသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် စည်းကမ်းဖောက်ဖျက်ကျူးလွန်ခြင်းလည်း မရှိကြပါ။ ထိုသို့ဖြစ်ခဲ့လျှင် ကျွန်ုပ်တို့သည် အမှန်စင်စစ် မတရားကျူးလွန်သူများထဲမှ ဖြစ်ကြပါလိမ့်မည်“ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီး ကျိန်ဆိုကြရမည်။ |