Quran with Burmese translation - Surah Al-Ma’idah ayat 112 - المَائدة - Page - Juz 7
﴿إِذۡ قَالَ ٱلۡحَوَارِيُّونَ يَٰعِيسَى ٱبۡنَ مَرۡيَمَ هَلۡ يَسۡتَطِيعُ رَبُّكَ أَن يُنَزِّلَ عَلَيۡنَا مَآئِدَةٗ مِّنَ ٱلسَّمَآءِۖ قَالَ ٱتَّقُواْ ٱللَّهَ إِن كُنتُم مُّؤۡمِنِينَ ﴾
[المَائدة: 112]
﴿إذ قال الحواريون ياعيسى ابن مريم هل يستطيع ربك أن ينـزل علينا﴾ [المَائدة: 112]
Ba Sein ၁၁၂။ သာဝကကြီးတို့က အို-မရယမ်၏သား အီဆာ သင်၏အသျှင်သခင်သည် ကောင်းကင်ဘုံမှ အစာအဟာရအပြည့်အစုံနှင့် ခင်ကျင်းထားသော စားပွဲတစ်ခုကို အကျွနု်ပ်တို့အား ချပေးစွမ်းနိုင် သလောဟုမေးကြသောအခါ တမန်တော်အီဆာက သင်တို့သည် ယုံကြည်သူအမှန်ဖြစ်ကြပါလျှင် အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို ကြေပြွန်အောင် ထမ်းဆောင်ကြလော့ဟု ပြန်ပြော၏။ |
Ghazi Mohammad Hashim (အို- နဗီတမန်တော်မုဟမ္မဒ် အသင်သည် ပြန်လည်သတိရစေပါလေ။) အခါတစ်ပါး၌ ‘ဟဝါရီ’ တို့က “အို-‘မရ်ယမ်’ (သခင်မ) ၏သား (နဗီတမန်တော်) ဟဇရသ် ‘အီစာ’အသင့်အား ဖန်ဆင်းမွေးမြူသောမူသော အရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်ဝယ် ကောင်းကင်မှ စားဖွယ်သောက်ဖွယ်နှင့် (ပြည့်စုံသော စားပွဲတစ်ခု) ကို ချပေးသနားတော်မူနိုင်စွမ်း ရှိပါသလော” ဟု ပြောဆိုကြလေသည်။ ထိုအခါ နဗီတမန်တော် အီစာက “(ဟယ်- အချင်းတို့) အသင်တို့သည် အကယ်စင်စစ် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူများ ဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်” ဟု ပြောကြားတော်မူခဲ့ပေသည်။ |
Hashim Tin Myint တစ်ခါတွင် ဟဝါရီ*များက “အို- မရ်ယမ်၏သား အီစာ၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ် ကောင်းကင်မှ အစားအစာတည်ခင်းထားသော စားပွဲတစ်ခုကိုချပေးနိုင်စွမ်း ရှိပါသလော“ဟု ပြောဆိုကြသည်။ ၎င်း(တမန်တော် အီစာ)က အသင်တို့သည် အမှန်ပင် အီမာန်ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါဟု ပြောဆိုခဲ့သည်။ |