×

အလ္လာဟ်အရှင်မြတ်က “ငါအရှင်မြတ်သည် သင်တို့အပေါ် ယင်းကို မုချပင် ချမှတ်ပေးအပ်တော်မူလိမ့်မည်။” ဟု မိန့်တော်မူခဲ့၏။ ထို့နောက် သင်တို့အနက်မှ မည်သူမဆို အမှန်တရားကို 5:115 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:115) ayat 115 in Burmese

5:115 Surah Al-Ma’idah ayat 115 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 115 - المَائدة - Page - Juz 7

﴿قَالَ ٱللَّهُ إِنِّي مُنَزِّلُهَا عَلَيۡكُمۡۖ فَمَن يَكۡفُرۡ بَعۡدُ مِنكُمۡ فَإِنِّيٓ أُعَذِّبُهُۥ عَذَابٗا لَّآ أُعَذِّبُهُۥٓ أَحَدٗا مِّنَ ٱلۡعَٰلَمِينَ ﴾
[المَائدة: 115]

အလ္လာဟ်အရှင်မြတ်က “ငါအရှင်မြတ်သည် သင်တို့အပေါ် ယင်းကို မုချပင် ချမှတ်ပေးအပ်တော်မူလိမ့်မည်။” ဟု မိန့်တော်မူခဲ့၏။ ထို့နောက် သင်တို့အနက်မှ မည်သူမဆို အမှန်တရားကို ဖီဆန်ငြင်းပယ်လျှင် ငါအရှင်မြတ်သည် ထိုသူ့ကို လောကခပ်သိမ်းတို့အနက်မှ အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ အပြစ်မပေး ခဲ့ဖူးသေးသည့် ပြစ်ဒဏ်မျိုးဖြင့် မုချပင် အပြစ်ပေးတော်မူလိမ့်မည်။

❮ Previous Next ❯

ترجمة: قال الله إني منـزلها عليكم فمن يكفر بعد منكم فإني أعذبه عذابا, باللغة البورمية

﴿قال الله إني منـزلها عليكم فمن يكفر بعد منكم فإني أعذبه عذابا﴾ [المَائدة: 115]

Ba Sein
၁၁၅။ အလ္လာဟ်အသျှင်မြတ်က အို-အီဆာ မှတ်သားလော့။ ငါသည် သင်တို့အာ ရိက္ခာအစားအစာ ချပေးသနားတော်မူ၏။ ထို့နောက် သင်တို့အနက် အကြင်သူသည် ဆန့်ကျင်တော်လှန် မယုံကြည်အံ့။ ထိုသူအား ငါသည် မိမိ၏ကျေးကျွန်တစ်ယောက်ကိုမှ ပေးတော်မမူသေးသော အပြစ်ဒဏ်ကြီးကို မုချပေးတော်မူမည်။
Ghazi Mohammad Hashim
အလ္လာဟ်အရှင်မြတ်က “ငါအရှင်မြတ်သည် ထိုစားဖွယ်သောက်ဖွယ်ကို အသင်တို့အပေါ်၌ မုချဧကန် ချပေးသနားတော်မူအံ့။ သို့ရာတွင် ထို (သို့ချပေးသနားတော်မူပြီး) နောက် အသင်တို့အနက် မည်သူမဆို ငြင်းပယ်ပါမူ ငါအရှင်မြတ်သည် စကြာဝဠာခပ်သိမ်းတို့အနက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပေးတော်မမူမည့် အပြစ်ဒဏ်ကို ထိုသူအား ဧကန်မလွဲ ပေးတော်မူအံ့” ဟု ပြန်ကြားတော်မူခဲ့လေသတည်း။ (ရကူ)
Hashim Tin Myint
အလ္လာဟ်အရှင်မြတ်က “ငါအရှင်မြတ်သည် ထို အစားအစာတည်ခင်းထား‌သောစားပွဲကို အသင်တို့အ‌ပေါ်တွင် အမှန်ပင် ချ‌ပေးသနား‌တော်မူမည်၊ ထို့‌နောက် အသင်တို့ထဲမှ မည်သူမဆို ငြင်းပယ်လျှင် ငါအရှင်မြတ်သည် စကြဝဠာအားလုံးထဲတွင် မည်သူတစ်ဦးတစ်‌ယောက်ကိုမှ မ‌ပေးမည့်အပြစ်ဒဏ်ကို ထိုသူ့အား အမှန်ပင် ‌ပေး‌တော်မူမည်“ဟု မိန့်ကြား‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek