Quran with Burmese translation - Surah Al-Ma’idah ayat 116 - المَائدة - Page - Juz 7
﴿وَإِذۡ قَالَ ٱللَّهُ يَٰعِيسَى ٱبۡنَ مَرۡيَمَ ءَأَنتَ قُلۡتَ لِلنَّاسِ ٱتَّخِذُونِي وَأُمِّيَ إِلَٰهَيۡنِ مِن دُونِ ٱللَّهِۖ قَالَ سُبۡحَٰنَكَ مَا يَكُونُ لِيٓ أَنۡ أَقُولَ مَا لَيۡسَ لِي بِحَقٍّۚ إِن كُنتُ قُلۡتُهُۥ فَقَدۡ عَلِمۡتَهُۥۚ تَعۡلَمُ مَا فِي نَفۡسِي وَلَآ أَعۡلَمُ مَا فِي نَفۡسِكَۚ إِنَّكَ أَنتَ عَلَّٰمُ ٱلۡغُيُوبِ ﴾
[المَائدة: 116]
﴿وإذ قال الله ياعيسى ابن مريم أأنت قلت للناس اتخذوني وأمي إلهين﴾ [المَائدة: 116]
Ba Sein ၁၁၆။ ၎င်းနောက် အလ္လာဟ်အသျှင်မြတ်က အို-မရယမ်၏သား အီဆာသင်သည် လူသားအပေါင်းတို့အား ဟယ်-အချင်းတို့ အကျွနု်ပ်တို့နှင့် အကျွနု်ပ်၏မယ်တော်တို့ ထိုအလ္လာဟ်အသျှင်မြတ်အပြင် ဘုရား နှစ်ဆူအဖြစ်ဖြင့် သဒ္ဒါကြည်ညိုကြလော့ဟု ဟောကြားသလောဟု မိန့်တော်မူ၏။ သူက ကျေးဇူးတော် သခင်အသျှင်သည် ချို့တဲ့ခြင်းကင်းတော်မူပါ၏။ အကျွနု်ပ်သည် မိမိမပြောအပ်သောစကားကို မပြောမဆိုပါ။ အကယ်၍ အကျွနု်ပ်သည် ထိုစကားကို ပြောကြားလေ့ရှိပါလျှင် ထိုအကြောင်းကို အသျှင်သည် သိတော်မူပါ၏။ အကျွနု်ပ်မှာမူကား အသျှင်စိတ်နှလုံးတော်အတွင်းရှိသည်များကို မသိစွမ်းနိုင်ပါ။ အို-အသျှင် အသျှင်သာလျှင် လျှို့ဝှက်နက်နဲသောအရာအပေါင်းတို့ကို အကြွင်းမဲ့ သိတော်မူပါ၏။ |
Ghazi Mohammad Hashim (ပြန်လည်အောက်မေ့သတိရပါလေ။) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူအံ့။ “အို-‘မရ်ယမ်’ ၏သား‘အီစာ’ အသင်က လူတို့အား အသင်တို့သည် အလ္လာဟ် အရှင်မြတ်အပြင် ကျွန်ုပ် (အီစာ) ကိုလည်းကောင်း၊ ကျွန်ုပ်၏မယ်တော် (မရ်ယမ်) ကိုလည်းကောင်း၊ ကိုးကွယ်ရာ (ဘုရား) နှစ်ပါး မှတ်ယူကြလေကုန်” ဟု ပြောကြားခဲ့ပါသလော။ ထိုအခါ (အီစာ) (အလိုင် ဟစ္စလာမ်) သည် (ဤသို့) လျှောက်ထားပြန်ကြားပေအံ့။ “(အို - အရှင်) အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါ၏။ ကျွန်တော်မျိုးမှာ မိမိမပြောထိုက်သောစကားကို ပြောဆိုခွင့် အလျင်းမရှိပါ။ အကယ်၍သာ ကျွန်တော်မျိုးသည် ထိုစကားကိုပြောဆိုမိခဲ့ပါမူ အရှင်မြတ်သည် ထိုပြောဆိုသည်ကို မုချ သိရှိတော်မူပြီးပင်ဖြစ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုး၏စိတ်တွင်း၌ ရှိသမျှတို့ကို (အကြွင်းမဲ့) သိရှိတော်မူပါ၏။ သို့ရာတွင် ကျွန်တော်မျိုးမှာမူကား အရှင်မြတ်၏စိတ်တွင်း၌ရှိသည်တို့ကို မသိပါ။ ဧကန်စင်စစ် အရှင်မြတ်သည်သာလျှင် အကွယ်၌ရှိသမျှတို့ကို အအကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပါသတည်း။” |
Hashim Tin Myint တစ်ခါက အလ္လာဟ်အရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူမည်- “အို- မရ်ယမ်၏သား အီစာ၊ အသင်သည် လူများအား အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ ကျွန်ုပ်နှင့်ကျွန်ုပ်၏မိခင်အား ကိုးကွယ်ထိုက်သည့်အရှင်နှစ်ပါးအဖြစ် ပြုုလုပ်ကြပါဟု ပြောကြားခဲ့သလော“။ ၎င်း(တမန်တော် အီစာ)က ပြောဆိုဖြေကြားမည်- “အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်တော်မူပါသည်။ ကျွန်ုပ် မပြောထိုက်သောစကားကို ကျွန်ုပ်ပြောဆိုခွင့် လုံးဝ မရှိပါ။ အကယ်၍ ကျွန်ုပ်သည် ထိုစကားကို ပြောဆိုခဲ့လျှင် အရှင်မြတ်သည် ထိုပြောဆိုမှုကို အမှန်ပင် သိတော်မူပြီးဖြစ်ပါသည်။ အရှင်မြတ်သည် ကျွန်ုပ်၏စိတ်ထဲ၌ရှိသမျှကို သိရှိတော်မူပါသည်။ သို့ရာတွင် ကျွန်ုပ်သည် အရှင်မြတ်၏စိတ်ထဲရှိသည်ကို မသိပါ။ အမှန်စင်စစ် အရှင်မြတ်သည်သာ အကွယ်မှအရာအားလုံးကို အလွန်သိတော်မူသောအရှင် ဖြစ်တော်မူပါသည်။ |