Quran with Burmese translation - Surah Al-Ma’idah ayat 117 - المَائدة - Page - Juz 7
﴿مَا قُلۡتُ لَهُمۡ إِلَّا مَآ أَمَرۡتَنِي بِهِۦٓ أَنِ ٱعۡبُدُواْ ٱللَّهَ رَبِّي وَرَبَّكُمۡۚ وَكُنتُ عَلَيۡهِمۡ شَهِيدٗا مَّا دُمۡتُ فِيهِمۡۖ فَلَمَّا تَوَفَّيۡتَنِي كُنتَ أَنتَ ٱلرَّقِيبَ عَلَيۡهِمۡۚ وَأَنتَ عَلَىٰ كُلِّ شَيۡءٖ شَهِيدٌ ﴾
[المَائدة: 117]
﴿ما قلت لهم إلا ما أمرتني به أن اعبدوا الله ربي وربكم﴾ [المَائدة: 117]
Ba Sein ၁၁၇။ အကျွနု်ပ်သည် သူတို့အား အသျှင်မြတ် ပညတ်တော်မူသည်ကိုသာ ဟောကြားပါ၏။ သူတို့အား ဟယ်-အချင်းတို့ သင်တို့သည် အကျွနု်ပ်၏အသျှင်သခင် သင်တို့၏ အသျှင်သခင်အလ္လာဟ်အား ခဝပ်ကိုးကွယ်ကြလော့ဟုဟောပြောပါ၏။ အကျွနု်ပ်သည် သူတို့နှင့် အတူတကွရှိနေစဉ် သူတို့၏ အကြောင်းကိုသိသော သက်သေတပါးဖြစ်ပါ၏။ အသျှင်သည် အကျွနု်ပ်ကို သိမ်းတော်မူပြီးနောက် အသျှင်သာလျှင် သူတို့ကို ရှုစားစောင့်ရှောက်နေတော်မူပါ၏။ အသျှင်သာလျှင် အရာခပ်သိမ်းကုန် တို့ကို သိမြင်တော်မူသော သက်သေတော်ကြီးဖြစ်ပါ၏။ |
Ghazi Mohammad Hashim “ကျွန်တော်မျိုးသည် ၎င်းတို့ကို အရှင်မြတ်က ကျွန်တော်မျိုးအား မိန့်တော်မူသည့် (အတိုင်း) “အို- အချင်းတို့ အသင်တို့သည် ကျွန်ုပ်၏အရှင်လည်းဖြစ်တော်မူသော၊ အသင်တို့၏အရှင်လည်း ဖြစ်တော်မူသော (တစ်ဆူတည်းသော) အလ္လာဟ်အရှင်မြတ်အားသာ ကိုးကွယ်ကြလေကုန်” ဟူသောစကားမှအပ အခြား မည်သည့်စကားကိုမျှ ပြောဆိုခဲ့သည်မရှိပါ။ ထို့ပြင်တဝ ကျွန်တော်မျိုးသည် ၎င်းတို့အထဲတွင် ရှိနေသမျှကာလပတ်လုံး ၎င်းတို့ (၏အကြောင်း) ကို သိရှိသူဖြစ်ပါသည်။ တစ်ဖန် အရှင်သည် ကျွန်တော်မျိုးအား ပင့်မယူဆောင်သောအခါ အရှင်သည်ပင်လျှင် ၎င်းတို့ (၏ အကြောင်း) ကို သိရှိတော်မူသောအရှင် ဖြစ်တော်မူခဲ့ပါသည်။ အမှန်စင်စစ်သော်ကား အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို သိမြင်တော်မူသောရှင်မြတ်ပင် ဖြစ်တော်မူပါသည်။” |
Hashim Tin Myint ကျွန်ုပ်သည် သူတို့အား အရှင်မြတ်သည် ကျွန်ုပ်အား အမိန့်ပေးထားသည့်အရာမှလွဲ၍ မည်သည့်အရာကိုမျှ မပြောဆိုခဲ့ပါ။ (ကျွန်ုပ်သည် ဤသို့ပြောပါသည်) - “ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်လည်းဖြစ်ပြီး အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်လည်းဖြစ်သော အလ္လာဟ်အရှင်မြတ်ကိုသာ အသင်တို့ ကိုးကွယ်ကြပါ“။ ၎င်းပြင် ကျွန်ုပ်သည် သူတို့ထဲ၌ရှိနေသမျှ သူတို့နှင့်ပတ်သက်၍ သိမြင်သူဖြစ်ပါသည်။ ထို့နောက် အရှင်မြတ်သည် ကျွန်ုပ်ကို ပင့်မယူဆောင်လိုက်သောအခါ* အရှင်မြတ်သည်ပင် သူတို့နှင့်ပတ်သက်၍ ထိန်းသိမ်းစောင့်ကြပ် ကြည့်ရှုသူဖြစ်တော်မူပါသည်။ ထို့ပြင် အရှင်မြတ်သည် အရာအားလုံးကို မျက်မှောက်အသိသက်သေ ဖြစ်နေတော်မူသောအရှင် ဖြစ်တော်မူပါသည်။ |