×

ထိုပုဂ္ဂိုလ်များထဲတွင် “ကျွန်ုပ်တို့သည် ခရစ်ယာန်များဖြစ်ကြ၏။” ဟု ပြောဆိုသူများလည်း ရှိကြ၏။ ငါအရှင် မြတ်သည် သူတို့ထံမှလည်း ပဋိညာဉ်ကတိဝန်ခံချက်များကို ရယူတော်မူပြီးနောက် ထိုသူတို့သည် 5:14 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:14) ayat 14 in Burmese

5:14 Surah Al-Ma’idah ayat 14 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 14 - المَائدة - Page - Juz 6

﴿وَمِنَ ٱلَّذِينَ قَالُوٓاْ إِنَّا نَصَٰرَىٰٓ أَخَذۡنَا مِيثَٰقَهُمۡ فَنَسُواْ حَظّٗا مِّمَّا ذُكِّرُواْ بِهِۦ فَأَغۡرَيۡنَا بَيۡنَهُمُ ٱلۡعَدَاوَةَ وَٱلۡبَغۡضَآءَ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِۚ وَسَوۡفَ يُنَبِّئُهُمُ ٱللَّهُ بِمَا كَانُواْ يَصۡنَعُونَ ﴾
[المَائدة: 14]

ထိုပုဂ္ဂိုလ်များထဲတွင် “ကျွန်ုပ်တို့သည် ခရစ်ယာန်များဖြစ်ကြ၏။” ဟု ပြောဆိုသူများလည်း ရှိကြ၏။ ငါအရှင် မြတ်သည် သူတို့ထံမှလည်း ပဋိညာဉ်ကတိဝန်ခံချက်များကို ရယူတော်မူပြီးနောက် ထိုသူတို့သည် ထိုကတိကဝတ်များနှင့်စပ်လျဉ်း၍ ထပ်တလဲလဲ ဖော်ပြခဲ့သည့်အကြောင်းအရာများပါရှိသော ကျမ်းတော်၏စာပိုဒ်ကို မေ့ပစ် ထားခဲ့ကြသည်။ သို့ဖြစ်၍ ငါအရှင်မြတ်သည် သူတို့အချင်းချင်းကြားဝယ် ရှင်ပြန်ထမြောက်မည့်နေ့အထိ တည်တံ့မည့် ရန်ငြိုးထားမှုနှင့်မုန်းတီးမှုများ နိုးကြွလာစေတော်မူ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (ထိုရန်လို မုန်း တီးမှုများကို မည်သို့) စနစ်တကျ ကြံစည်ဖန်တီးခြင်းနှင့်စပ် လျဉ်း၍ မကြာမီ သူတို့အား အသိပေးရှင်းလင်း တင်ပြတော်မူလိမ့်မည်။

❮ Previous Next ❯

ترجمة: ومن الذين قالوا إنا نصارى أخذنا ميثاقهم فنسوا حظا مما ذكروا به, باللغة البورمية

﴿ومن الذين قالوا إنا نصارى أخذنا ميثاقهم فنسوا حظا مما ذكروا به﴾ [المَائدة: 14]

Ba Sein
၁၄။ အကျွနု်ပ်တို့သည် ခရစ်ယာန်ဘာသာဝင်များအမှန်ပင်ဖြစ်ပါသည်ဟုဆိုသူများနှင့် ငါအသျှင်မြတ်သည် ပဋိညာဉ်ပြုတော်မူ၏။ သို့သော်သူတို့သည် ၎င်းတို့အား ဆုံးမသွန်သင်ချက်များ တစ်စိတ်တစ်ဒေသကို မေ့လျော့ပစ်ကြ၏။ ထို့ကြောင့် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီးတိုင်အောင် သူတို့အထဲ၌ မသင့်မတင့် စိတ်နှလုံးမုန်းတည်းအငြိုးထားစိတ်ကို လှုံ့ဆော်ပေးတော်မူ၏။ ထိုနေ့တော်ကြီး၌ အလ္လာဟ်အသျှင်မြတ်သည် သူတို့အား သူတို့၏လက်ရာခြေရာများကို ပြတော်မူလိမ့်မည်။
Ghazi Mohammad Hashim
ထိုနည်းတူစွာ ငါအရှင်မြတ်သည် (မိမိတို့ကိုယ်ကို) “အကျွန်ုပ်တို့သည် ‘နဆွာရာ’ ခရစ်ယာန်များဖြစ်ကြသည်” ဟု ပြောဆိုကြကုန်သောသူတို့ထံမှလည်း (ငါအရှင်မြတ်၏အမိန့်တော်များကို လိုက်နာကြရန်) ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့လေသည်။ သို့ပါလျက် ယင်းသူတို့သည် ဆိုဆုံးမခဲ့ပြီးဖြစ်သော ဆုံးမဩဝါဒတို့အနက်မှ (အကြီးအကျယ်ဆုံး) အစိတ်အပိုင်းကို မေ့လျော့ပစ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့တွင် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တိုင်အောင် ရန်ငြိုးထားမှုနှင့် မုန်းတီးမှုတို့ကို ထည့်သွင်းပေးတော်မူခဲ့လေသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့ ပြုလုပ်လေ့ရှိခဲ့ကြသောအရာများကို မကြာမြင့်မီ သိမြင်စေတော်မူအံ့။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် “အမှန်မုချ ကျွန်ုပ်တို့သည် နစွရာ နတ်စ်ွရာနီများ ဖြစ်ကြပါသည်“ဟု ‌ပြောဆိုကြ‌သောသူများထံမှလည်း ကတိဝန်ခံချက်ကို ယူ‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့သည် သူတို့ကို သတိ‌ပေးဆုံးမထားသည့်အထဲမှ အစိတ်အပိုင်းတစ်ခုကို ‌မေ့ပစ်ခဲ့ကြသည်။ ထို့‌ကြောင့် ငါအရှင်မြတ်သည် သူတို့ထဲတွင် ကိယာမသ်‌နေ့ထိ ရန်ငြိုးမှုနှင့် မုန်းတီးမှုကို ထည့်သွင်း‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား သူတို့ပြုလုပ်‌နေခဲ့ကြသည်များကို မကြာမီ အသိ‌ပေး‌တော်မူမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek