Quran with Burmese translation - Surah Al-Ma’idah ayat 24 - المَائدة - Page - Juz 6
﴿قَالُواْ يَٰمُوسَىٰٓ إِنَّا لَن نَّدۡخُلَهَآ أَبَدٗا مَّا دَامُواْ فِيهَا فَٱذۡهَبۡ أَنتَ وَرَبُّكَ فَقَٰتِلَآ إِنَّا هَٰهُنَا قَٰعِدُونَ ﴾
[المَائدة: 24]
﴿قالوا ياموسى إنا لن ندخلها أبدا ما داموا فيها فاذهب أنت وربك﴾ [المَائدة: 24]
Ba Sein ၂၄။ သူတို့က အို-မူဆာ ထိုကြီးမားသောသူတို့ ရှိသေးသမျှကာလပတ်လုံး အကျွနု်ပ်တို့သည် ထိုအရပ်ဒေသ ကို ဝင်ကြမည်မဟုတ်ပေ။ ထို့ကြောင့် သင်နှင့် သင်၏အသျှင်သခင်သွား၍ စစ်မက်ဆိုင်ပြိုင် တိုက်ခိုက်ကြပါလော့။ အကျွနု်ပ်တို့သည် ဤနေရာ၌ အမှန်ပင်ထိုင်၍နေမည်ဟု ဆိုကြ၏။ |
Ghazi Mohammad Hashim ထိုအခါ အမျိုးသားတို့က အို- မူစာ ၎င်းတို့သည် ထို (နယ်) မြေအတွင်း ရှိနေသမျှကာလပတ်လုံး မုချဧကန် ကျွန်ုပ်တို့သည် ယင်း (နယ်) မြေအတွင်းသို့ မည်သည့်အခါမျှ အလျင်း ဝင်ရောက်ကြမည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်ကိုယ်တိုင် မိမိအရှင်မြတ်နှင့်တကွ သွားရောက်ပြီး အသင်တို့နှစ်ဦးသာလျှင် တိုက်ခိုက်ကြလေကုန်။ ကျွန်ုပ်တို့မူကား ဤနေရာ၌ပင် ထိုင်၍နေကြကုန်အံ့” ဟု ပြောဆိုကြကုန်သတည်း။ |
Hashim Tin Myint အမျိုးသားများက ပြောကြသည်- “အို- (တမန်တော်)မူစာ၊ သူတို့သည် ထိုနယ်မြေထဲ၌ရှိနေသမျှ အမှန်ပင် ကျွန်ုပ်တို့သည် ထိုနယ်မြေထဲသို့ မည်သည့်အခါမှ လုံးဝ ဝင်ရောက်ကြမည်မဟုတ်ပေ။ ထို့ကြောင့် အသင်နှင့် အသင်၏အရှင်တို့နှစ်ပါးသာ သွားရောက်တိုက်ခိုက်ကြပါ။ ကျွန်ုပ်တို့ကမူ ဤနေရာ၌ပင် (မတိုက်ခိုက်ဘဲ)ထိုင်နေကြပါမည်။“ |