×

ထိုသူတို့အနက်မှ သူတို့အပေါ် အလ္လာဟ်အရှင်မြတ်ဂုဏ်ပေးခဲ့သည်တို့ကို သတိရလျက် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်အမိန့်တော်အတိုင်း တစ်သဝေမတိမ်း နာခံလိုက်နာကြသောပုဂ္ဂိုလ်နှစ်ဦးက “(အရှင့်အမိန့်တော်ကို နာခံသည့်အနေဖြင့် သူတို့နှင့်မျက်နှာချင်းဆိုင်တွေ့ကြရန်) 5:23 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:23) ayat 23 in Burmese

5:23 Surah Al-Ma’idah ayat 23 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 23 - المَائدة - Page - Juz 6

﴿قَالَ رَجُلَانِ مِنَ ٱلَّذِينَ يَخَافُونَ أَنۡعَمَ ٱللَّهُ عَلَيۡهِمَا ٱدۡخُلُواْ عَلَيۡهِمُ ٱلۡبَابَ فَإِذَا دَخَلۡتُمُوهُ فَإِنَّكُمۡ غَٰلِبُونَۚ وَعَلَى ٱللَّهِ فَتَوَكَّلُوٓاْ إِن كُنتُم مُّؤۡمِنِينَ ﴾
[المَائدة: 23]

ထိုသူတို့အနက်မှ သူတို့အပေါ် အလ္လာဟ်အရှင်မြတ်ဂုဏ်ပေးခဲ့သည်တို့ကို သတိရလျက် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်အမိန့်တော်အတိုင်း တစ်သဝေမတိမ်း နာခံလိုက်နာကြသောပုဂ္ဂိုလ်နှစ်ဦးက “(အရှင့်အမိန့်တော်ကို နာခံသည့်အနေဖြင့် သူတို့နှင့်မျက်နှာချင်းဆိုင်တွေ့ကြရန်) တရားဝင်မြို့ တံခါးပေါက်မှ ဝင်ကြလော့။ အကြောင်းမှာ ထိုနယ်မြေအတွင်းသို့ (ထိုသို့တရားဝင်တံခါးပေါက်မှ) ဝင်ရောက်ခြင်းဖြင့်သာ သင်တို့က မုချပင် အောင်နိုင်သူများ ဖြစ်ကြလိမ့်မည် ဖြစ်၏။ ထို့ပြင် အကယ်၍ သင်တို့သည် စစ်မှန်သော ယုံကြည်သူများဖြစ် ကြလျှင် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ (ယုံကြည်စိတ်ချစွာဖြင့် ကိုယ်စိတ်နှလုံးကို အပ်နှင်းလျက်) အားထား ကြရမည် (ဖြစ်၍ မုချအောင်မြင်လိမ့်မည်။)” ဟု ပြောဆိုခဲ့ကြသည်။

❮ Previous Next ❯

ترجمة: قال رجلان من الذين يخافون أنعم الله عليهما ادخلوا عليهم الباب فإذا, باللغة البورمية

﴿قال رجلان من الذين يخافون أنعم الله عليهما ادخلوا عليهم الباب فإذا﴾ [المَائدة: 23]

Ba Sein
၂၃။ ထိုအခါ သူတို့အထဲမှ အလ္လာဟ်အသျှင်မြတ်ကို ကြောက်ရွံ့ရိုကျိုး၍ အသျှင်မြတ် ကျေးဇူးပြုတော် မူခြင်းခံရသူနှစ်ဦးက ဟယ်-အချင်းတို့ သင်တို့သည် မြို့တံခါးပေါက်မှ ဝင်ကြလော့။ ယင်းသို့ ဝင်ကြလျှင် သင်တို့အမှန်ပင် အောင်နိုင်ကြပါမည်။ သင်တို့သည် ယုံကြည်သူများ မုချဧကန်ဖြစ်ကြ ပါလျှင် အသျှင်မြတ်ကို ယုံကြည်ကိုးစားကြပါလော့ဟု ပြောကြားကြ၏။
Ghazi Mohammad Hashim
(ထိုအခါ) အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်သောသူတို့အနက်မှ အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူသော လူနှစ်ယောက်သည် (ဤသို့) ပြောဆိုကြလေသည်။ “(ဟယ်- အချင်းတို့) အသင်တို့သည် ၎င်းတို့ အားတိုက်ခိုက်ရင်း တံခါးဝအတွင်းသို့ ဝင်ရောက်ကြလေကုန်။ အကယ်၍သာ အသင်တို့သည် ယင်းတံခါးဝအတွင်းသို့ ဝင်ရောက်ခဲ့ကြပါလျှင် အသင်တို့သည်သာလျှင် (စစ်ရေး) အောင်မြင်သူများ ဖြစ်ကြလတ္တံ့။ ၎င်းပြင် အသင်တို့သည် အကယ်၍‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ အားထားကြလေကုန်။”
Hashim Tin Myint
အလ္လာဟ်အရှင်မြတ်အား ‌ကြောက်‌သောသူ(မုသ်သကီ)များထဲမှ အလ္လာဟ်အရှင်မြတ်က ‌ကျေးဇူးပြု‌တော်မူထားသည့် လူနှစ်ဦးသည် (ကြံ့ခိုင်စွဲမြဲစွာရပ်တည်လျက် သတ္တိနည်းသူများကို အား‌ပေးရန်အတွက် ဤသို့)‌ပြောဆိုကြသည်- “အသင်တို့သည် သူတို့အား တိုက်ခိုက်လျက် တံခါးဝသို့ ဝင်‌ရောက်ကြပါ။ အကယ်၍ အသင်တို့သည် ထိုတံခါးဝသို့ ဝင်‌ရောက်ခဲ့လျှင် အမှန်စင်စစ် အသင်တို့ပင် ‌အောင်မြင်သူများဖြစ်ကြလိမ့်မည်။ ထို့ပြင် အကယ်၍ အသင်တို့သည် အီမာန်ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌သာ ယုံပုံအားကိုးကြပါ။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek