Quran with Burmese translation - Surah Al-Ma’idah ayat 25 - المَائدة - Page - Juz 6
﴿قَالَ رَبِّ إِنِّي لَآ أَمۡلِكُ إِلَّا نَفۡسِي وَأَخِيۖ فَٱفۡرُقۡ بَيۡنَنَا وَبَيۡنَ ٱلۡقَوۡمِ ٱلۡفَٰسِقِينَ ﴾
[المَائدة: 25]
﴿قال رب إني لا أملك إلا نفسي وأخي فافرق بيننا وبين القوم﴾ [المَائدة: 25]
Ba Sein ၂၅။ ထိုအခါ မူဆာက အို-အကျွနု်ပ်၏အသျှင်သခင်၊ အကျွနု်ပ်သည် မိမိကိုယ်နှင့် မိမိအစ်ကိုမှတစ်ပါး အခြားသူတို့ကို သြဇာမပေးနိုင်ပါ။ ထို့ကြောင့် အကျွနု်ပ်တို့နှင့် အပြစ်ကျုးလွန်သူတို့ကို ခွဲခြားတော် မူပါဟု ဆုတောင်း၏။ |
Ghazi Mohammad Hashim ထိုရောအခါဝယ် (နဗီတမန်တော်) မူစာက “အို- ကျွန်တော်မျိုး၏အရှင်မြတ်၊ ကျွန်တော်မျိုးသည် မိမိကိုယ်နှင့် မိမိ၏နောင်တော် (နဗီတမန်ဟာရွန်) မှတစ်ပါး အခြား မည်သူ့အပေါ်၌မျှ အခွင့်အာဏာ ပိုင်ဆိုင်သည်မရှိပါ။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်တော်မျိုးနှင့် (ဤ) စည်းကမ်းဖောက်ဖျက် သွေဖည်ငြင်းဆန်သော လူမျိုးတို့၏စပ်ကြားတွင် အဆုံးအဖြတ်ပေးတော်မူပါ”ဟု လျှောက်ထားပန်ကြားခဲ့လေသည်။ |
Hashim Tin Myint ၎င်း(တမန်တော်မူစာ)က-“အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အမှန်စင်စစ် ကျွန်ုပ်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏အစ်ကို(ဟာရူန်)မှလွဲ၍ အခြားမည်သူ၏အပေါ်မှလုပ်ပိုင်ခွင့်(အခွင့်အာဏာပိုင်ဆိုင်မှု)မရှိပါ။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့နှင့် စည်းဖောက်သူများကြားတွင် အဆုံးအဖြတ်ပေးတော်မူပါ။“ဟု ပြောဆိုလျှောက်ထားခဲ့သည်။ |