Quran with Burmese translation - Surah Al-Ma’idah ayat 36 - المَائدة - Page - Juz 6
﴿إِنَّ ٱلَّذِينَ كَفَرُواْ لَوۡ أَنَّ لَهُم مَّا فِي ٱلۡأَرۡضِ جَمِيعٗا وَمِثۡلَهُۥ مَعَهُۥ لِيَفۡتَدُواْ بِهِۦ مِنۡ عَذَابِ يَوۡمِ ٱلۡقِيَٰمَةِ مَا تُقُبِّلَ مِنۡهُمۡۖ وَلَهُمۡ عَذَابٌ أَلِيمٞ ﴾
[المَائدة: 36]
﴿إن الذين كفروا لو أن لهم ما في الأرض جميعا ومثله معه﴾ [المَائدة: 36]
Ba Sein ၃၆။ မယုံကြည်သူ မိစ္ဆာဒိဌိတို့မှာမူကား အကယ်၍ ကမ္ဘာမြေပေါ်တစ်ဝှမ်း ရှိရှိသမျှအပေါင်းနှင့် ထို့ထက် တစ်ဆကို သူတို့ပိုင်ဆိုင်ကြ၍ ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ ခံစားရမည့်အပြစ်ဒဏ်တော် ကြီးမှ လွတ်မြောက်ဖို့ရာ ထိုပစ္စည်းအားလုံးကို လျော်ကြေးပေးငြားသော်လည်း ၎င်းတို့ထံမှ လက်ခံတော်မူမည်မဟုတ်ပေ။ သူတို့၏အပြစ်ဒဏ်သည် အလွန်နာကျင်ဖွယ်ကောင်းလှ၏။ |
Ghazi Mohammad Hashim ဧကန်စင်စစ် သွေဖည်ငြင်းပယ်သောသူတို့သည် (မည်သည့်အခါမျှ မိမိတို့၏အပြစ်များမှ ချမ်းသာခွင့်ရရှိကြလိမ့်မည်မဟုတ်ပေ) ။ အကယ်၍ ကိယာမတ်ရှင်ပြန်ထမည့်နေ့၏ ပြစ်ဒဏ်များမှ လျော်ကြေးပေး၍ လွတ်မြောက်ခြင်းငှာ ၎င်းတို့ထံ၌ ကမ္ဘာလောက၌ ရှိရှိသမျှသော ဥစ္စာပစ္စည်းအားလုံးရှိသည့်ပြင် ၎င်းနှင့်တကွ ထိုမျှလောက်သောဥစ္စာပစ္စည်း နောက်ထပ်ရှိသော်လည်း ထိုပစ္စည်းများကို (လျော်ကြေးပေးကြသည့်တိုင်) ၎င်းတို့ထံမှ သဘောတူ လက်ခံတော်မူလိမ့်မည်မဟုတ်ပေ။ အမှန်သော်ကား ထိုသူတို့အဖို့ အလွန်ပြင်းပြနာကျင်ဖွယ်ဖြစ်သော အပြစ်ဒဏ်သည် အဆင့်သင့်ရှိပေသည်။ |
Hashim Tin Myint အမှန်စင်စစ် ငြင်းပယ်သောသူများသည် အကယ်၍ ကိယာမသ်ရှင်ပြန်ထမည့်နေ့၏ အပြစ်ဒဏ်များမှ လျော်ကြေးပေးပြီး (လွတ်မြောက်ရန်အတွက်) သူတို့သည် ကမာ္ဘလောကထဲ၌ရှိသမျှအရာအားလုံးသာမက ထိုအရာနှင့်အတူ နောက်ထပ် ထိုမျှပိုင်ဆိုင်ထားလျှင်လည်း (ထိုပစ္စည်းများကို လျော်ကြေးပေးသည့်တိုင်) ထိုသူတို့ထံမှ လက်ခံတော်မူခြင်း ခံရမည်မဟုတ်ပေ။* ထို့ပြင် သူတို့အတွက် အလွန်နာကျင်စေသော အပြစ်ဒဏ်ရှိဦးမည်။ |