Quran with Burmese translation - Surah Al-Ma’idah ayat 58 - المَائدة - Page - Juz 6
﴿وَإِذَا نَادَيۡتُمۡ إِلَى ٱلصَّلَوٰةِ ٱتَّخَذُوهَا هُزُوٗا وَلَعِبٗاۚ ذَٰلِكَ بِأَنَّهُمۡ قَوۡمٞ لَّا يَعۡقِلُونَ ﴾
[المَائدة: 58]
﴿وإذا ناديتم إلى الصلاة اتخذوها هزوا ولعبا ذلك بأنهم قوم لا يعقلون﴾ [المَائدة: 58]
Ba Sein ၅၈။ သင်တို့သည် ဆွလာသ်ဝတ်တက်ဖို့ရာ ဖိတ်ခေါ်သောအခါ သူတို့သည် သင်တို့ဖိတ်ခေါ်ခြင်းကို ကစားစရာ၊ ပြောင်လှောင်စရာဟုယူကြ၏။ ယင်းသို့ ပြုကျင့်ခြင်းမှာ သူတို့သည် အသိဉာဏ် ကင်းမဲ့သူများဖြစ်သောကြောင့်ဖြစ်၏။ |
Ghazi Mohammad Hashim ထို့ပြင်တဝ အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြုခြင်းငှာ (အဇာန်) ဟစ်ခေါ်ကြသောအခါ၊ ထိုသူတို့သည် ယင်းဟစ်ခေါ်ခြင်းကိုပင် ပြက်ရယ်ကျီစယ်ဖွယ်ရာနှင့် ကစားဖွယ်ရာလည်းကောင်း၊ ပြုလုပ်ကြပေသည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်း၏အကြောင်းကား ထိုသူတို့သည် လုံးဝ အသိဉာဏ်ကင်းမဲ့သောလူတစ်စုပင် ဖြစ်သောကြောင့်သာတည်း။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် စွလာသ်ဝတ်ပြုရန် အာဇန်ဟစ်ခေါ်ကြသောအခါ* သူတို့သည် ထိုဟစ်ခေါ်ခြင်းကိုု ပြက်ရယ်ပြောင်လှောင်စရာနှင့် ဆော့ကစားစရာအဖြစ် ပြုလုပ်ကြသည်။ ထိုကဲ့သို့ ပြုလုပ်သည့်အကြောင်းမှာ အမှန်စင်စစ် သူတို့သည် အသိဉာဏ်ကင်းမဲ့သောလူမျိုးဖြစ်ခြင်းကြောင့်ပင် ဖြစ်သည်။ |