×

“မရ်ယမ်၏သား မစီးဟ် (ခေါ် လူတို့အား ပြစ်မှုဒုစရိုက်ကင်းစေလျက် ငရဲမီးမှကယ်တင်ရန်စေလွှတ်ခြင်းခံ ရသူ) သည် မုချဧကန်၊ အလ္လာဟ်အရှင်မြတ် (နှင့်တစ်ပြေးညီ) ပင် 5:72 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:72) ayat 72 in Burmese

5:72 Surah Al-Ma’idah ayat 72 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 72 - المَائدة - Page - Juz 6

﴿لَقَدۡ كَفَرَ ٱلَّذِينَ قَالُوٓاْ إِنَّ ٱللَّهَ هُوَ ٱلۡمَسِيحُ ٱبۡنُ مَرۡيَمَۖ وَقَالَ ٱلۡمَسِيحُ يَٰبَنِيٓ إِسۡرَٰٓءِيلَ ٱعۡبُدُواْ ٱللَّهَ رَبِّي وَرَبَّكُمۡۖ إِنَّهُۥ مَن يُشۡرِكۡ بِٱللَّهِ فَقَدۡ حَرَّمَ ٱللَّهُ عَلَيۡهِ ٱلۡجَنَّةَ وَمَأۡوَىٰهُ ٱلنَّارُۖ وَمَا لِلظَّٰلِمِينَ مِنۡ أَنصَارٖ ﴾
[المَائدة: 72]

“မရ်ယမ်၏သား မစီးဟ် (ခေါ် လူတို့အား ပြစ်မှုဒုစရိုက်ကင်းစေလျက် ငရဲမီးမှကယ်တင်ရန်စေလွှတ်ခြင်းခံ ရသူ) သည် မုချဧကန်၊ အလ္လာဟ်အရှင်မြတ် (နှင့်တစ်ပြေးညီ) ပင် ဖြစ်သည်။” ဟုပြောဆိုကြသူတို့သည် မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) စစ်စစ်များ ဖြစ်ကြသည်မှာ သေချာ၏။ မစီးဟ်က “အို၊ အစ္စရေး မျိုးနွယ်တို့၊ ကျွန်ုပ်နှင့်သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အလ္လာဟ်အရှင်မြတ်ကိုသာလျှင် နာခံကိုးကွယ်ကြလော့။ မုချဧကန်၊ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ အခြားသော (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်ရာတို့အား တွဲဖက်တုပြိုင်၍ ကိုးကွယ်လျှင် အလ္လာဟ်အရှင်မြတ်သည် သူ့အတွက် သုခဘုံကို (တရားမဝင်အဖြစ်) တားမြစ်တော်မူပြီး သူ၏ခိုလှုံရာဌာနမှာ ငရဲမီးသာ ဖြစ်မည်။ (နှလုံးသွင်းသင့်သည်မှာ) အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ချိုးဖောက်၍ မမှန်မကန်သော လုပ်ရပ်များအတွက် (သူ့ကိုငရဲမီးမှ ကယ်တင်နိုင်ရန်) မည်သည့်ကူညီသူမျှ ရှိလိမ့်မည် မဟုတ်ပေ။”

❮ Previous Next ❯

ترجمة: لقد كفر الذين قالوا إن الله هو المسيح ابن مريم وقال المسيح, باللغة البورمية

﴿لقد كفر الذين قالوا إن الله هو المسيح ابن مريم وقال المسيح﴾ [المَائدة: 72]

Ba Sein
၇၂။ အကြင်သူတို့က အလ္လာဟ်အသျှင်မြတ်သည် မရယမ်၏သား မေရှိယာခရစ်တော်ဖြစ်၏ဟု ဆိုကြ၏။ သူတို့သည် မိစ္ဆာဒိဌိစင်စစ်ဖြစ်ကြ၏။ အမှန်ပင် မယုံကြည်ကြပေ။ မေရှိယာကိုယ်တိုင်ပင်လျှင် အို-အစ္စရာအီလ်အမျိုးသားအပေါင်းတို့ အကျွနု်ပ်၏အသျှင်သခင်၊ သင်တို့၏အသျှင်သခင် အလ္လာဟ် အသျှင်မြတ်ကိုသာလျှင် ကိုးကွယ်ကြလော့။ မှတ်သားကြလော့။ အကြင်သူသည် အလ္လာဟ်အသျှင်မြတ် ၌ ဘက်စပ်တွဲဖက်သော ဘုရားများရှိသည်ဟု ပြောကြားအံ့။ ထိုသူသည် ဂျန္နတ်သုခဘုံသို့ မဝင်ရဟု အလ္လာဟ်အသျှင်မြတ် ပိတ်ပင်တားမြစ်ထားတော်မူ၏။ သူ၏ ဗိမာန်သည် ငရဲမီးဖြစ်၏။ ဒုစရိုက် မကောင်းမှုကျူးလွန်သူတို့၌ ကူညီရိုင်းပင်းသူ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။
Ghazi Mohammad Hashim
မလွဲဧကန် ကာဖိရ်ဖြစ်သွားကြသောသူတို့က “ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‘မရ်ယမ်’ ၏သားတော် ‘မစီဟ်’ (အီစာ) ပင် ဖြစ်တော်မူသည်” ဟု ပြောဆိုခဲ့ကြကုန်၏။ အမှန်သော်ကား မစီဟ် (ကိုယ်တိုင်) ကပင် “အို - အစ္စရာအီလီမျိုးနွယ်အပေါင်းတို့ အသင်တို့သည် ငါ၏အရှင်နှင့် အသင်တို့၏အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ကိုပင် ခဝပ်ကိုးကွယ်ကြလေကုန်” ဟု ပြောဆိုခဲ့လေသည်။ စင်စစ်ဧကန် မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် (ကိုးကွယ်) ပါလျှင် အလ္လာဟ်အရှင်မြတ်သည် ထို (ကဲ့သို့သော) သူ၏အဖို့ ‘ဂျန္နတ်’ အမတသုခဘုံကို မုချဧကန် ပိတ်ပင် ထားတော်မူအံ့။ ၎င်းပြင် ထိုသူ၏လားရာဌာနသည် ငရဲမီးပင်ဖြစ်လတ္တံ့။ ထိုမှတစ်ပါး (ယင်းကဲ့သို့) မတရားကျူးလွန်သောသူတို့အား ရိုင်းပင်းကူညီ စောင်မမည့်သူဟူ၍ကား တစ်စုံတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။
Hashim Tin Myint
“အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မရ်ယမ်၏သား‌တော်မစီဟ်(အီစာ)ပင်ဖြစ်သည်“ဟု* ‌ပြောဆိုခဲ့ကြ‌သောသူများသည် အမှန်ပင် ကာဖိရ်ဖြစ်သွားခဲ့ကြပြီဖြစ်သည်။ ထို့ပြင် မစီဟ်(အီစာကိုယ်တိုင်)ကမူ “အို- အစ္စရာအီလ်မျိုးနွယ်အ‌ပေါင်းတို့၊ အသင်တို့သည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်နှင့် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည့်အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ“ဟု ‌ပြောဆိုခဲ့သည်။ အမှန်မှာ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်(ကိုးကွယ်)လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အတွက် ဂျန္နသ်သုခဘုံကို အမှန်ပင် ဟရာမ်ပြုလုပ် တားမြစ်ထား‌တော်မူမည်။ ၎င်းပြင် သူ၏‌နေရာထိုင်ခင်းသည် ငရဲမီးပင်ဖြစ်သည်။ ထို့ပြင် မတရားကျူးလွန်‌သောသူများအား ကူညီမည့်သူ တစ်ဦးတစ်‌ယောက်မှရှိမည် မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek