Quran with Burmese translation - Surah Al-Ma’idah ayat 80 - المَائدة - Page - Juz 6
﴿تَرَىٰ كَثِيرٗا مِّنۡهُمۡ يَتَوَلَّوۡنَ ٱلَّذِينَ كَفَرُواْۚ لَبِئۡسَ مَا قَدَّمَتۡ لَهُمۡ أَنفُسُهُمۡ أَن سَخِطَ ٱللَّهُ عَلَيۡهِمۡ وَفِي ٱلۡعَذَابِ هُمۡ خَٰلِدُونَ ﴾
[المَائدة: 80]
﴿ترى كثيرا منهم يتولون الذين كفروا لبئس ما قدمت لهم أنفسهم أن﴾ [المَائدة: 80]
Ba Sein ၈ဝ။ သူတို့အနက် အများအပြားတို့သည် မိစ္ဆာဒိဌိတို့နှင့် မိတ်ဖွဲ့ကြသည်ကို သင် သိမြင်ရ၏။ အမှန်မှာ သူတို့သည် မိမိတို့အတွက် အကျိုးဆုတ်ယုတ်စေသော မကောင်းမှုများကိုသာ တင်ကြိုပို့ထားနှင့် ကြ၏။ ထို့ကြောင့် အလ္လာဟ်အသျှင်မြတ်သည် သူတို့ကို အမျက်ရှတော်မူလိမ့်မည်။ သူတို့သည် ငရဲတွင် ခံစားကြရလိမ့်မည်။ |
Ghazi Mohammad Hashim (အို- နဗီတမန်တော်) ၎င်းတို့အနက် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား အဆွေခင်ပွန်းများပြုလုပ်ကြသူ အမြောက်အမြားကို သင်သည် တွေ့မြင်ရပေအံ့။ အမှန်စင်စစ် ၎င်းတို့က မိမိတို့ကိုယ်တိုင် မိမိတို့အဖို့ တင်ကြို၍ပို့ထားနှင့်ကြကုန်သော အပြုအမူတို့သည် ယုတ်ညံ့သိမ်ဖျင်းလှပေသည်။ (ထို့အတွက်ကြောင့်ပင်) အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် အမျက်တော် ထားတော်မူခဲ့လေသည်။ ထို့ပြင် ၎င်းတို့သည် ထာဝစဉ် အပြစ်ဒဏ်၌ နေထိုင်ကြရမည်။ |
Hashim Tin Myint အသင်သည် သူတို့ထဲမှ ကာဖိရ်ငြင်းပယ်သောသူများနှင့် မိတ်ဆွေပြုလုပ်သောသူ အမြောက်အမြားကို တွေ့မြင်ရလိမ့်မည်။* အမှန်စင်စစ် သူတို့ကိုယ်တိုင် သူတို့အတွက် ကြိုတင်ပို့နှင့်ထားကြသော လုပ်ရပ်များသည် အဘယ်မျှ ဆိုးဝါးလိုက်သနည်း။ (ထို့ကြောင့်) အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ်တွင် ဒေါသထားတော်မူခဲ့သည်။ ထို့ပြင် သူတို့သည် အမြဲ အပြစ်ဒဏ်ထဲ၌ နေကြရမည်။ |