Quran with Burmese translation - Surah Al-Ma’idah ayat 85 - المَائدة - Page - Juz 7
﴿فَأَثَٰبَهُمُ ٱللَّهُ بِمَا قَالُواْ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ وَذَٰلِكَ جَزَآءُ ٱلۡمُحۡسِنِينَ ﴾
[المَائدة: 85]
﴿فأثابهم الله بما قالوا جنات تجري من تحتها الأنهار خالدين فيها وذلك﴾ [المَائدة: 85]
Ba Sein ၈၅။ အလ္လာဟ်အသျှင်မြတ်သည် သူတို့အား ၎င်းတို့၏ ရင့်ကျူးခြင်းကြောင့် ဆုတော်နှင့် ချီးမြှင့်တော်မူပြီ။ အောက်တွင် မြစ်အသွယ်သွယ်စီးဆင်းလျှက်ရှိသော ဥယျာဉ်တော်များ၊ ထိုဥယျာဉ်တော်များအတွင်း ၌ ထိုသူတို့သည် အမြဲထာဝစဉ် စံမြန်းနေထိုင်ရကြလိမ့်မည်။ ဤဆုတော်သည် သူတော်ကောင်းတို့၏ အောင်ဆုမင်္ဂလာတော်ကြီးဖြစ်၏။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ထိုသူတို့၏ (ထိုသို့ဝန်ခံ) ပြောဆိုခဲ့ကြသည့်အတွက်ကြောင့် အကြင်ဥယျာဉ်များကို အစားပေးတော်မူအံ့။ ထိုဥယျာဉ်များ၏အောက်၌ စမ်းရေချောင်းများသည် စီးဆင်းလျက်ရှိမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ ထာဝစဉ်နေထိုင်ကြမည်။ ဤသည်ကား ကောင်းမြတ်သောအကျင့်သီလများကို ဖြည့်ကျင့်ဆည်းပူးကြလေသော သူတော်ကောင်းတို့၏ အကျိုးပင်တည်း။ |
Hashim Tin Myint သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူများအား သူတို့၏(ဝန်ခံ)ပြောဆိုမှုကြောင့် အကြင်ဥယျာဉ်များကို အစားပေးတော်မူမည်။ ထိုဥယျာဉ်များ၏အောက်၌ စမ်းရေချောင်းများသည် စီးဆင်းလျက်ရှိမည်။ သူတို့သည် ထိုဥယျာဉ်များတွင် အမြဲနေထိုင်ကြရမည်။ ၎င်းသည် ကောင်းမြတ်သောလုပ်ရပ်များကို ပြုလုပ်ကြသော သူတော်ကောင်းများ၏အကျိုးပင် ဖြစ်သည်။ |