Quran with Burmese translation - Surah Qaf ayat 2 - قٓ - Page - Juz 26
﴿بَلۡ عَجِبُوٓاْ أَن جَآءَهُم مُّنذِرٞ مِّنۡهُمۡ فَقَالَ ٱلۡكَٰفِرُونَ هَٰذَا شَيۡءٌ عَجِيبٌ ﴾ 
[قٓ: 2]
﴿بل عجبوا أن جاءهم منذر منهم فقال الكافرون هذا شيء عجيب﴾ [قٓ: 2]
| Ba Sein ၂။ ယင်းသို့မဟုတ်ချေ၊ မိစ္ဆာဒိဋ္ဌိတို့သည် မိမိတို့ထံသို့ သတိပေးဆုံးမဖို့ရာ သူတို့သားချင်းထဲမှ တမန်တော်တစ်ပါး ပွင့်လာသည်ကို အ့ံသြကြ၏၊ ဤအရာသည် အလွန်ထူးဆန်းပေစွဟု ဆိုကြ၏။ | 
| Ghazi Mohammad Hashim စင်စစ်မှာကား ၎င်းတို့သည် မိမိတို့ထံ မိမိတို့အနက်မှပင် သတိပေးနှိုးဆော်သူတစ်ဦး ရောက်ရှိ၍ လာခဲ့သည်ကိုပင် အံ့ဩလျက်ရှိနေကြကုန်၏။ သို့ဖြစ် ပေရာ ‘ကာဖိရ်’သွေဖည်ငြင်းပယ်သောသူတို့က ပြောဆိုခဲ့ကြသည်မှာ ဤသည်လွန်စွာ အံ့ဖွယ်အကြောင်းပင် ဖြစ်သည်။ | 
| Hashim Tin Myint အမှန်စင်စစ် သူတို့သည် သူတို့ထံသို့ သူတို့ထဲမှပင် သတိပေးနှိုးဆော်သူတစ်ဦး ရောက်ရှိလာခဲ့သည်ကို အံ့ဩနေကြသည်။ သို့ဖြစ်ရာကာဖိရ်များက ဤသည် အံ့ဩဖွယ်ရာကိစ္စပင်ဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။ |