Quran with Burmese translation - Surah Qaf ayat 26 - قٓ - Page - Juz 26
﴿ٱلَّذِي جَعَلَ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَأَلۡقِيَاهُ فِي ٱلۡعَذَابِ ٱلشَّدِيدِ ﴾
[قٓ: 26]
﴿الذي جعل مع الله إلها آخر فألقياه في العذاب الشديد﴾ [قٓ: 26]
Ba Sein ၂၆။ ထို့အပြင် ဤသူမိုက်သည် အလ္လာဟ်အရှင်မြတ်နှင့်တကွ အခြားဘုရားတုကို တွဲဖက်ခဝပ်ကိုးကွယ်၏၊ သင်တို့ နှစ်ဦးသည် ဤသူမိုက်အား အလွန်ပြင်းပြကြောက်မက်ဖွယ်သောအပြစ်ဒဏ်တော်ထဲသို့ ဆွဲငင်ပစ်ချကြလော့။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားသောကိုးကွယ်ရာကို တွဲဖက်သတ်မှတ်သောသူဖြစ်သည်။ သို့ဖြစ်ပေရာ အသင်တို့နှစ်ဦးသည် ထို(ကဲ့သို့သော)သူအား ပြင်းထန်စွာသော ပြစ်ဒဏ်၌ပစ်ချကြလေကုန်။ |
Hashim Tin Myint (ထို့ပြင်) အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာတစ်ဦးကို တွဲဖက်ပြုလုပ်သောသူအားလည်း အသင်တို့နှစ်ဦးသည် ပြင်းထန်သော အပြစ်ဒဏ်ထဲသို့ ပစ်ချလိုက်ကြပါ။ |