Quran with Burmese translation - Surah Adh-Dhariyat ayat 23 - الذَّاريَات - Page - Juz 26
﴿فَوَرَبِّ ٱلسَّمَآءِ وَٱلۡأَرۡضِ إِنَّهُۥ لَحَقّٞ مِّثۡلَ مَآ أَنَّكُمۡ تَنطِقُونَ ﴾
[الذَّاريَات: 23]
﴿فورب السماء والأرض إنه لحق مثل ما أنكم تنطقون﴾ [الذَّاريَات: 23]
Ba Sein ၂၃။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အရှင်သခင်၏တန်ခိုးတော်ကြောင့် အထက်အဆိုပါတရားစကားအရပ်ရပ်သည် သင်တို့စကားပြောဆိုသကဲ့သို့ မှန်ကန်ချေ၏၊ ယုံမှားသံသယလုံးဝမရှိနိုင်ချေ။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ မိုးကောင်းကင်ကိုလည်းကောင်း၊ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင်မြတ်၏ ‘ကစမ်’၊ ယင်း(‘ကိယာမတ်’ဖြစ်ခြင်း၊ စားနပ်ရိက္ခာရရှိခြင်း၊ တမလွန်ဘဝ ဆိုက်ရောက်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏ ကတိတော်အတိုင်း စံစား၊ ခံစားရခြင်းတို့)သည် အသင်တို့ စကားပြောဆိုကြဘိသကဲ့သို့ပင် မှန်ကန်လှပေသတည်း။ |
Hashim Tin Myint သို့ဖြစ်ရာ မိုးကောင်းကင်နှင့် မြေပထဝီကို ဖန်ဆင်းတော်မူသောအရှင်မြတ်အား တိုင်တည် ပြောဆိုမည်၊ ထို(ကိယာမသ် ဖြစ်ခြင်း၊ စားနပ်ရိက္ခာရရှိခြင်း၊ တမလွန်ဘဝတွင် အကျိုးခံစားရခြင်းတို့)သည် အသင်တို့ စကားပြောဆိုကြသကဲ့သို့ပင် မှန်ကန်သည်။ ###၆ |