Quran with Burmese translation - Surah AT-Tur ayat 20 - الطُّور - Page - Juz 27
﴿مُتَّكِـِٔينَ عَلَىٰ سُرُرٖ مَّصۡفُوفَةٖۖ وَزَوَّجۡنَٰهُم بِحُورٍ عِينٖ ﴾
[الطُّور: 20]
﴿متكئين على سرر مصفوفة وزوجناهم بحور عين﴾ [الطُّور: 20]
Ba Sein ၂ဝ။ ထိုသူတို့သည် တင့်တယ်သိုက်မြိုက်စွာစီတန်းခင်းကျင်းထားသောပလ္လင်ထက်ဝယ် လှဲလျောင်းမွေ့လျော်စံပျော် နေထိုင်ကြရ၏၊ ငါသည် သူတို့အား မျက်စိမျက်လုံးပြူးထူးလှပသောနတ်ကညာများနှင့် စုလျားရစ်ပတ်လက်ထပ် ပေးသနားတော်မူ၏။ |
Ghazi Mohammad Hashim (၎င်းတို့သည်) စနစ်တကျ ခင်းကျင်း၍ထားရှိသော သလွန်များထက်ဝယ် မှီအုံးများ မှီလျက်ရှိကြပေမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား လွန်စွာဖြူ၍ လှပတင့်တယ်သော၊ မျက်စိလှပသော မိန်းမများနှင့် ထိမ်းမြား၍ ပေးတော်မူအံ့သတည်း။ |
Hashim Tin Myint (သူတို့သည်) စနစ်တကျ ခင်းကျင်းထားသော မြင့်မားသည့် ထိုင်ခုံများပေါ်တွင် မှီအုံးများနှင့် မှီနေကြမည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ဖြူဖွေးပြီး အလွန်ချောမောလှပသော၊ မျက်ဝန်းကျယ်သော မိန်းမများနှင့် ထိမ်းမြားပေးတော်မူမည်။ |