Quran with Burmese translation - Surah An-Najm ayat 32 - النَّجم - Page - Juz 27
﴿ٱلَّذِينَ يَجۡتَنِبُونَ كَبَٰٓئِرَ ٱلۡإِثۡمِ وَٱلۡفَوَٰحِشَ إِلَّا ٱللَّمَمَۚ إِنَّ رَبَّكَ وَٰسِعُ ٱلۡمَغۡفِرَةِۚ هُوَ أَعۡلَمُ بِكُمۡ إِذۡ أَنشَأَكُم مِّنَ ٱلۡأَرۡضِ وَإِذۡ أَنتُمۡ أَجِنَّةٞ فِي بُطُونِ أُمَّهَٰتِكُمۡۖ فَلَا تُزَكُّوٓاْ أَنفُسَكُمۡۖ هُوَ أَعۡلَمُ بِمَنِ ٱتَّقَىٰٓ ﴾
[النَّجم: 32]
﴿الذين يجتنبون كبائر الإثم والفواحش إلا اللمم إن ربك واسع المغفرة هو﴾ [النَّجم: 32]
Ba Sein ၃၂။ အကြင်သူတို့သည် ကြီးလေးသောအပြစ်များနှင့် စက်ဆုတ်ရွံရှာဖွယ်ဖြစ်သောရောဂဒေါသစသောအညစ်အကြေး များကို ရှောင်ကြဉ်လျက် သေးငယ်သောအပြစ်များကို မတော်တဆပြုမိကြအ့ံ၊ ထိုသူတို့အဖို့ သင်၏ အရှင် သခင်သည် ကြီးမားသောကောင်းကြီးမင်္ဂလာတော်အရှင်ဖြစ်တော်မူ၏၊ အို-လူသားအပေါင်းတို့၊ အရှင်မြတ်သည် သင်တို့ကို မြေဖြင့် ဖန်ဆင်းသောအခါနှင့် အမိဝမ်းတွင်း၌ ဖုံးကွယ်ထားသောအခါမှစ၍ သင်တို့၏ အဖြစ်အပျက် အလုံးစုံတို့ကို အကြွင်းမဲ့သိတော်မူ၏၊ သို့ဖြစ်၍ သင်တို့သည် မိမိကိုယ်ကို မိမိ အပြစ်ကင်းမဲ့သန့်ရှင်းသူများ ဟူ၍ မဆိုကြလင့်၊ အရှင်မြတ်သည် ဒုစရိုက်မကောင်းမှုကို ရှောင်ကြဉ်သူကို ကောင်းစွာသိတော်မူ၏။ |
Ghazi Mohammad Hashim (ထိုကောင်းမှုပြုသူတို့မှာ) အသေးအဖွဲပြစ်မှုများကို (မတော်တဆ) ပြုမိကြသော်လည်း ကြီးလေးသော ပြစ်မှုတို့မှလည်းကောင်း၊ ညစ်ညမ်းမှုတို့မှလည်းကောင်း၊ (အထူး)ကြဉ်ရှောင်ကြကုန်၏။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ကျယ်ဝန်းလှစွာသော လွတ်ငြိမ်း ချမ်းသာခွင့်ကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အား မြေဖြင့် ဖန်ဆင်းတော်မူခဲ့စဉ်အခါ၌ အသင်တို့အား ကောင်းစွာ သိရှိတော်မူ၏။အသင်တို့သည် မိမိတို့၏ မိခင်များ၏ ဝမ်းဗိုက်များတွင် သန္ဓေတည်စ ကလေးဘဝ၌ရှိခဲ့စဉ် အခါ၌လည်း အသင်တို့အား ကောင်းစွာ သိရှိတော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ မြင့်မြတ်သည် စင်ကြယ် သန့်ရှင်းသည်ဟု မထင်ကြကုန်လင့်။ ထိုအရှင်မြတ်သည်သာလျှင် ပြစ်မှု ဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော သူတို့အား အသိတော်မူဆုံး ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint (ထို ကောင်းမှုပြုလုပ်သည့်) အကြင်သူများသည် အသေးအဖွဲ ပြစ်မှုများကို ပြုမိကြသော်လည်း ကြီးလေးသောပြစ်မှုများနှင့် ညစ်ညမ်းမှုများကို ရှောင်ကြဉ်ကြသည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်ကျယ်ဝန်းသော လွတ်ငြိမ်းချမ်းသာခွင့်ကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်ဖြစ်တော်မူသည်။ အရှင်မြတ်သည် အသင်တို့အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့စဉ်ကနှင့် အသင်တို့သည် အသင်တို့၏ မိခင်ဝမ်းဗိုက်များထဲတွင် သန္ဓေသားဘဝတွင် ရှိစဉ်ကလည်း အရှင်မြတ်ပင် အသင်တို့အား အသိဆုံးဖြစ်တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့ကိုယ်ကို အသင်တို့ မြင့်မြတ်သည်၊ စင်ကြယ်သည်ဟု မထင်ကြနှင့်၊ အရှင်မြတ်သာ ကြောက်ရွံ့အပြစ်ရှောင်ကောင်းကျိုးဆောင်သည့်သူများကို အသိဆုံးဖြစ်တော်မူသည်။ ၇ |