Quran with Burmese translation - Surah An-Najm ayat 31 - النَّجم - Page - Juz 27
﴿وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ لِيَجۡزِيَ ٱلَّذِينَ أَسَٰٓـُٔواْ بِمَا عَمِلُواْ وَيَجۡزِيَ ٱلَّذِينَ أَحۡسَنُواْ بِٱلۡحُسۡنَى ﴾
[النَّجم: 31]
﴿ولله ما في السموات وما في الأرض ليجزي الذين أساءوا بما عملوا﴾ [النَّجم: 31]
Ba Sein ၃၁။ အထက်ကောင်းကင်ဘုံနှင့် အောက်မဟာပထဝီမြေကြီးပေါ်ဝယ် ရှိရှိသမျှတို့ကို အလ္လာဟ်အရှင်မြတ်သည် စိုးပိုင် တော်မူ၏၊ အရှင်မြတ်သည် မကောင်းမှုကို ကျူးလွန်သူတို့အား မိမိတို့ကျုးလွန်မှုအလိုက် အပြစ်ပေးတော်မူ၏၊ ကောင်းမှုကို ပြုကျင့်သူတို့အား မိမိတို့ကောင်းမှုနှင့်အညီ ဆုပေးတော်မူ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည်လည်းကောင်း၊အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသာလျှင် ဖြစ်ကြကုန်၏။ နောက်ဆုံးတွင် ထိုအရှင်မြတ်သည် ဒုစရိုက်မှုကို ကျူးလွန်ခဲ့ကြသောသူတို့အား ၎င်းတို့ ကျူးလွန်ခဲ့ကြသည်၏ အကျိုးကို ပေးတော်မူအံ့၊ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ကောင်းမှု ပြုခဲ့ကြသောသူတို့အား ကောင်းမြတ်သော အကျိုးကို ပေးတော်မူအံ့။ |
Hashim Tin Myint ထို့ပြင် မိုးကောင်းကင်များနှင့် မြေပထဝီတွင်ရှိသမျှကို အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်တော်မူသည်။ အရှင်မြတ်သည် မကောင်းမှုကျူးလွန်သည့်သူများကို သူတို့ပြုလုပ်သမျှ အစားပေးတော်မူရန်နှင့် ကောင်းမှုပြုလုပ်သည့်သူများကိုလည်း ကောင်းသည့်အစားပေးတော် မူရန်အတွက် (သူတို့ လမ်းမှားသည် လမ်းမှန်သည်ဆိုသည်ကို အရှင်မြတ် အသိဆုံး)ဖြစ်သည်။ |