×

ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင်ရစူလ်တမန်တော်များအား ယုံကြည်ကြသော သူတို့မူကား ထိုသူတို့သည်ပင် ထိုသူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ ဖြောင့်မတ်မှန်ကန်စွာပြုမူကျင့်ကြံသော သစ္စာဝါဒီများနှင့် (အရှင်မြတ်၏လမ်းတော်၌ 57:19 Burmese translation

Quran infoBurmeseSurah Al-hadid ⮕ (57:19) ayat 19 in Burmese

57:19 Surah Al-hadid ayat 19 in Burmese (البورمية)

Quran with Burmese translation - Surah Al-hadid ayat 19 - الحدِيد - Page - Juz 27

﴿وَٱلَّذِينَ ءَامَنُواْ بِٱللَّهِ وَرُسُلِهِۦٓ أُوْلَٰٓئِكَ هُمُ ٱلصِّدِّيقُونَۖ وَٱلشُّهَدَآءُ عِندَ رَبِّهِمۡ لَهُمۡ أَجۡرُهُمۡ وَنُورُهُمۡۖ وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَحِيمِ ﴾
[الحدِيد: 19]

ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင်ရစူလ်တမန်တော်များအား ယုံကြည်ကြသော သူတို့မူကား ထိုသူတို့သည်ပင် ထိုသူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ ဖြောင့်မတ်မှန်ကန်စွာပြုမူကျင့်ကြံသော သစ္စာဝါဒီများနှင့် (အရှင်မြတ်၏လမ်းတော်၌ အသက်စွန့်ခဲ့ကြသောသူများပင် ဖြစ်ကြပြီး သူတို့အတွက် မြင့်မြတ်သောအကျိုးဆုလဒ်များနှင့်သူတို့၏ရောင်ခြည်များ ရှိပေမည်။ သို့ရာတွင် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ မဟုတ်မတရား မမှန်မကန်စွပ်စွဲ၍ ငြင်းပယ်ကြသောသူတို့မူကား မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) များပင် ဖြစ်ကြပြီး ထိုသူတို့သည်ကား အရှိန်ပြင်းစွာ လောင်နေသော ငရဲမီး၏အဖော်များပင် ဖြစ်ကြ၏။

❮ Previous Next ❯

ترجمة: والذين آمنوا بالله ورسله أولئك هم الصديقون والشهداء عند ربهم لهم أجرهم, باللغة البورمية

﴿والذين آمنوا بالله ورسله أولئك هم الصديقون والشهداء عند ربهم لهم أجرهم﴾ [الحدِيد: 19]

Ba Sein
၁၉။ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်များကို ယုံကြည်သူတို့သည် အရှင်မြတ်၏ သစ္စာတော်ကို စောင့်သူများ၊ သာသနာတော်အတွက် အသက်စွန့်သူအာဇာနည်များဖြစ်ကြ၏၊ ထိုသူမြတ်တို့သည် အောင်ဆု မင်္ဂလာတော်နှင့် အလင်းရောင်ခြည်တော်တို့ကို ရရှိကြရလတ့ံ၊ သို့သော် ငါ့အား မယုံကြည်ပယ်ရှား၍ ငါ၏ သက်သေသာဓကတော်များကို ငြင်းဆန်သူတို့မှာမူကား ငရဲမီးကို ပိုင်ဆိုင်သူများသာတည်း။
Ghazi Mohammad Hashim
ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များအား လည်းကောင်း၊ ယုံကြည်ကြကုန်သော သူတို့မှာကား ထိုသူတို့သည်ပင်လျှင် ထိုသူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ သစ္စာဝါဒီများ သည်လည်းကောင်း၊ ‘ရှဟီးဒ်’အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသက်စွန့်ခဲ့ကြသောသူများ သည်လည်းကောင်း၊ ဖြစ်ကြကုန်၏။ ထိုသူတို့အဖို့ ထိုသူတို့၏(ထူးကဲသော)အကျိုး သည်လည်းကောင်း၊ ထိုသူတို့၏(ထူးကဲသော) ရောင်ခြည် သည်လည်းကောင်း၊ ရှိပေမည်။ သို့ရာတွင် အကြင်သူတို့သည် သွေဖည် ငြင်းပယ်ကြကုန်၏။၎င်းပြင် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။ ထိုသူတို့မှာ မူကား’ဂျဟန္နမ်’ငရဲသားများပင် ဖြစ်ကြကုန်သတည်း။
Hashim Tin Myint
ထို့ပြင် အလ္လာဟ် အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်များကို ယုံကြည်ကြသူများကမူ သူတို့ပင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် မှန်ကန်‌သောသူများ၊ ရှဟီဒ် အလ္လာဟ် အရှင်မြတ်၏လမ်းတွင် အသက်စ‌တေးခဲ့ကြ‌သောသူများ ဖြစ်ကြသည်။ ###၁၁ သူတို့အတွက် သူတို့၏အကျိုးနှင့် သူတို့၏ ‌ရောင်ခြည် ရှိမည်။ ထို့ပြင် အကြင်သူတို့သည် ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်၏ သက်‌သေလက်္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်။ သူတို့သည် ဂျဟန်္နမ် ငရဲသား များပင် ဖြစ်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek