Quran with Burmese translation - Surah Al-hadid ayat 26 - الحدِيد - Page - Juz 27
﴿وَلَقَدۡ أَرۡسَلۡنَا نُوحٗا وَإِبۡرَٰهِيمَ وَجَعَلۡنَا فِي ذُرِّيَّتِهِمَا ٱلنُّبُوَّةَ وَٱلۡكِتَٰبَۖ فَمِنۡهُم مُّهۡتَدٖۖ وَكَثِيرٞ مِّنۡهُمۡ فَٰسِقُونَ ﴾
[الحدِيد: 26]
﴿ولقد أرسلنا نوحا وإبراهيم وجعلنا في ذريتهما النبوة والكتاب فمنهم مهتد وكثير﴾ [الحدِيد: 26]
Ba Sein ၂၆။ ငါသည် မုချဧကန်နူဟိုနှင့် အေဗရာဟမ်တို့ကို စေလွှတ်တော်မူ၏၊ ထိုတမန်တော်များမှ ဆင်းသက်ပေါက်ဖွား လာသောသားစဉ်မြေးဆက်တို့တွင် အချို့အား တမန်တော်ဘွဲ့တံဆိပ်နှင့် ကျမ်းတော်မြတ်ကို ချပေးသနားတော် မူရန် အတည်ပြဋ္ဌာန်းတော်မူ၏၊ ထိုသားစဉ်မြေးဆက်တို့အနက် အချို့မှာ လမ်းမှန်ကို လိုက်ကြ၏၊ သို့သော် အရေအတွက်များစွာသောသူတို့မှာမူကား မကောင်းမှု၌ နစ်မွန်းနေကြ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ငါအရှင်မြတ်သည် (နဗီတမန်တော်) ‘နူဟ်’အားလည်းကောင်း၊ (နဗီတမန်တော်) ‘အိဗ်ရာဟီမ်’အားလည်းကောင်း၊ စေလွှတ်တော်မူ၏။ ၎င်းပြင် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)’နူဟ်’ နှင့်(နဗီတမန်တော်)’အီဗ်ရာဟီမ်’ နှစ်ပါးတို့၏သား၊ မြေးတို့၌ နဗီတမန်တော် ဖြစ်မှုကိုလည်းကောင်း၊ ကျမ်းဂန်ကိုလည်းကောင်း၊ သတ်မှတ်၍ ပေးသနားတော်မူခဲ့ရာ ၎င်းတို့တွင် တရားလမ်းမှန်ကို ရရှိသူများလည်း ရှိခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့အနက် မြောက်မြားစွာသောသူတို့မှာ သွေဖည်သူများပင် ဖြစ်ခဲ့ကြ၏။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်)နူးဟ်နှင့် (တမန်တော်)အိဗ်ရာဟီမ်ကို စေလွှတ်တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့နှစ်ဦး၏ သားမြေးများထဲတွင် တမန်တော်ဖြစ်မှုနှင့် ကျမ်းဂန်ကို သတ်မှတ်ပေးသနားတော်မူခဲ့သည့်အတွက် သူတို့ထဲတွင် တရားလမ်းမှန်ကို ရရှိသူများလည်း ရှိခဲ့ကြသည်။ ထို့ပြင် သူတို့ထဲမှ အမြောက်အမြားသည် သွေဖည်သူများလည်း ဖြစ်ခဲ့ကြသည်။ |