Quran with Burmese translation - Surah Al-hadid ayat 6 - الحدِيد - Page - Juz 27
﴿يُولِجُ ٱلَّيۡلَ فِي ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِي ٱلَّيۡلِۚ وَهُوَ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ﴾
[الحدِيد: 6]
﴿يولج الليل في النهار ويولج النهار في الليل وهو عليم بذات الصدور﴾ [الحدِيد: 6]
Ba Sein ၆။ အရှင်မြတ်သည် ညမှ နေ့သို့၊ နေ့မှ ညသို့၊ ပြောင်းလွဲစေတော်မူ၏၊ လူသားတို့၏ စိတ်နှလုံးအတွင်း၌ ထိမ်ချိန်လျှို့ဝှက်ထားသမျှအပေါင်းတို့ကို အကြွင်းမဲ့သိတော်မူ၏။ |
Ghazi Mohammad Hashim ထိုအရှင်မြတ်သည်ပင်(အချို့သောရာသီဥတု ၌)ညဉ့်(၏ အစိတ်အပိုင်းအချို့)ကို နေ့၏အတွင်းဝယ် ထည့်သွင်းတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင် မြတ်သည်ပင် (အချို့သောရာသီဥတု၌) နေ့(၏အစိတ်အပိုင်းအချို့)ကို ညဉ့်၏အတွင်းဝယ် ထည့်သွင်းတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် စိတ်နှလုံးများအတွင်း၌ ရှိသည်တို့ကိုပင် အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint အရှင်မြတ်သည် ညကို နေ့ထဲတွင် ထည့်သွင်းတော်မူသည်။(နေ့တာရှည်စေတော်မူသည်)။ ထို့ပြင် အရှင်မြတ်သည် နေ့ကို ညထဲတွင်လည်း ထည့်သွင်းတော်မူသည်။ (ညတာ ရှည်စေတော်မူသည်)။ ထို့ပြင် အရှင်မြတ်သည် စိတ်နှလုံးများထဲ၌ရှိသည်များကိုလည်း အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူသည်။ ###၁ |