×

(ထို့ပြင် ထိုသိမ်းဆည်းရမိသောပစ္စည်းများသည် မက္ကာမြို့နေ မယုံကြည်သူတို့၏ဖိနှိပ်မှုကြောင့်) သူတို့၏အိုးအိမ်စည်းများနှင့်ပိုင်ဆိုင်မှုများမှ နှင်ထုတ်ခြင်းခံကြရပြီး အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များနှင့်ကျေနပ်နှစ်မြို့မှုကို ရှာဖွေဆည်းပူးကြလျက် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်မြတ်အား ကူညီကြသူများလည်းဖြစ်၊ နေရပ်စွန့်၍ (မဒီနာမြို့သို့) 59:8 Burmese translation

Quran infoBurmeseSurah Al-hashr ⮕ (59:8) ayat 8 in Burmese

59:8 Surah Al-hashr ayat 8 in Burmese (البورمية)

Quran with Burmese translation - Surah Al-hashr ayat 8 - الحَشر - Page - Juz 28

﴿لِلۡفُقَرَآءِ ٱلۡمُهَٰجِرِينَ ٱلَّذِينَ أُخۡرِجُواْ مِن دِيَٰرِهِمۡ وَأَمۡوَٰلِهِمۡ يَبۡتَغُونَ فَضۡلٗا مِّنَ ٱللَّهِ وَرِضۡوَٰنٗا وَيَنصُرُونَ ٱللَّهَ وَرَسُولَهُۥٓۚ أُوْلَٰٓئِكَ هُمُ ٱلصَّٰدِقُونَ ﴾
[الحَشر: 8]

(ထို့ပြင် ထိုသိမ်းဆည်းရမိသောပစ္စည်းများသည် မက္ကာမြို့နေ မယုံကြည်သူတို့၏ဖိနှိပ်မှုကြောင့်) သူတို့၏အိုးအိမ်စည်းများနှင့်ပိုင်ဆိုင်မှုများမှ နှင်ထုတ်ခြင်းခံကြရပြီး အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များနှင့်ကျေနပ်နှစ်မြို့မှုကို ရှာဖွေဆည်းပူးကြလျက် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်မြတ်အား ကူညီကြသူများလည်းဖြစ်၊ နေရပ်စွန့်၍ (မဒီနာမြို့သို့) ရွှေ့ပြောင်းနေထိုင်ကြသော ဆင်းရဲနွမ်းပါးသည့် (မုဟာဂျီရီန်) သာဝကကြီးများအတွက်လည်း ဖြစ်၏။ ထိုသူတို့သည်ကား ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံသော သစ္စာဝါဒီများပင် ဖြစ်ကြ၏။

❮ Previous Next ❯

ترجمة: للفقراء المهاجرين الذين أخرجوا من ديارهم وأموالهم يبتغون فضلا من الله ورضوانا, باللغة البورمية

﴿للفقراء المهاجرين الذين أخرجوا من ديارهم وأموالهم يبتغون فضلا من الله ورضوانا﴾ [الحَشر: 8]

Ba Sein
၈။ ထိုသုံ့ပစ္စည်းများအနက် အချို့အဝက်ကို သူဆင်းရဲမိုဟာဂျီရ်သင်္ဃာတော်တို့အဖို့အရာဖြစ်၏၊ (မိုဟာဂျီရ်မှာ အစ္စလာမ်သာသနာတော်ကြီးကို ယုံကြည်ခြင်းကြောင့် မိမိစည်းစိမ်ဥစ္စာများကို စွန့်ပစ်လျက် မက္ကာဟ်ရွှေမြို့တော် ကြီးမှ မဒီနာရွှေမြို့တော်သို့ ထွက်ပြေးလာရောက်နေထိုင်ရသူဒုက္ခသည်များဖြစ်ကြ၏)။ ထိုသင်္ဃာတော်တို့သည် မိစ္စာဒိဋ္ဌိတို့နှင်ထုတ်ခြင်းခံရ၏၊ ထို့ကြောင့်မိမိတို့အိုးအိမ်စည်းစိမ်ဥစ္စာများကို စွန့်လွှတ်၍ မဒီနာမြို့တော်သို့ ထွက်ပြေးလာရောက်နေထိုင်ရရှာလေ၏၊ ထိုသင်္ဃာတော်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကောင်းကြီးမင်္ဂလာ တော်နှင့် နှစ်သက်တော်မူုခြင်းရတနာတို့ကိုသာလျှင် ရှာမှီးကြ၏၊ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန် တော်ကို ထောက်ပ့ံကူညီစောင်မသူများဖြစ်ကြ၏၊ ထို့ကြောင့်သူတို့သည် ယင်းသို့နှင်ထုတ်ခံရရှာကြ၏၊ စင်စစ် အားဖြင့် ထိုသူတို့သည် သစ္စာသမာဓိရှိသောသူတော်ကောင်းတို့ဖြစ်ကြ၏။
Ghazi Mohammad Hashim
အကြင် ‘မုဟာဂျီရီန်’ (မက္ကာမြို့တော်မှ)ရွှေ့ပြောင်းခဲ့ကြသော သူဆင်းရဲတို့နှင့် (အထူး) သက်ဆိုင်၏။ ထိုသူတို့သည် မိမိတို့၏နေအိမ်များကိုလည်း ကောင်း၊ မိမိတို့၏ ပစ္စည်းဥစ္စာများကိုလည်းကောင်း၊ စွန့်၍ ထွက်ခဲ့ကြရကုန်၏။ ထိုသူတို့မှာကား အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကိုလည်းကောင်း၊ ကျေနပ်မှုကိုလည်းကောင်း၊ ရှာဖွေဆည်းပူးလျက် ရှိကြကုန်၏။ ထို့ပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ကူညီကြကုန်၏။ ထိုသူတို့သည်ပင်လျှင် သစ္စာဝါဒီများ ဖြစ်ကြကုန်၏။
Hashim Tin Myint
ထိုဖိုင်အ် လက်ရပစ်္စည်းများသည်အကြင်မုဟာဂျိရီန် (‌ရွှေ့‌ပြောင်းခဲ့ကြ‌သော ဆင်းရဲသားများ)အတွက်လည်းဖြစ်သည်။ ထိုသူများသည် သူတို့၏ ‌နေအိမ်များနှင့် သူတို့၏ ပစ္စည်းဥစ္စာများကိုစွန့်ပြီး ထွက်ခဲ့ကြရသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူး‌တော်နှင့် ‌ကျေနပ်မှုကို ရှာ‌ဖွေဆည်းပူးလျက် ရှိကြသည်။ ထို့ပြင် သူတို့သည် အလ္လာဟ် အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်ကို ကူညီကြသည်။ သူတို့ပင် မှန်ကန်သည့်သူများဖြစ်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek