Quran with Burmese translation - Surah Al-An‘am ayat 108 - الأنعَام - Page - Juz 7
﴿وَلَا تَسُبُّواْ ٱلَّذِينَ يَدۡعُونَ مِن دُونِ ٱللَّهِ فَيَسُبُّواْ ٱللَّهَ عَدۡوَۢا بِغَيۡرِ عِلۡمٖۗ كَذَٰلِكَ زَيَّنَّا لِكُلِّ أُمَّةٍ عَمَلَهُمۡ ثُمَّ إِلَىٰ رَبِّهِم مَّرۡجِعُهُمۡ فَيُنَبِّئُهُم بِمَا كَانُواْ يَعۡمَلُونَ ﴾
[الأنعَام: 108]
﴿ولا تسبوا الذين يدعون من دون الله فيسبوا الله عدوا بغير علم﴾ [الأنعَام: 108]
Ba Sein ၁ဝ၈။ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး သူတို့ကိုးကွယ်သောဘုရးများကို မကဲ့ရဲ့၊ မဆဲဆိုကြလင့််။ ထိုသို့ ကဲ့ရဲ့ဆဲဆိုကြလျင် သူတို့သည် ပညာကင်းမဲ့ခြင်းကြောင့် အလ္လာဟ်အသျှင်မြတ်ကို မတရားကဲ့ရဲ့ ဆဲဆိုခြင်းဖြင့် တုန့်ပြန်တတ်ကြသည်။ ဤကဲ့သို့ ငါအသျှင်မြတ်သည် လူမျိုးတိုင်းအား သူတို့၏ အပြုအမှုတို့ကို တင့်တယ်ဟန်ဆောင်စေတော်မူ၏။ နောက်ဆုံးစွန်၌ သူတို့၏ ကျေးဇူးတော်သခင် သည် သူတို့ပြန်ရာဖြစ်မည်သာတည်း။ ထိုအခါ အသျှင်မြတ်သည် သူတို့အား ၎င်းတို့ပြုကျင့်လေ့ ရှိသော အမှုအခင်းများကို ပြောပြတော်မူလိမ့်မည်။ |
Ghazi Mohammad Hashim ၎င်းပြင် အသင်တို့သည် အကြင်(မှားယွင်းသော) ကိုးကွယ်ရာများကို ကဲ့ရဲ့ရှုတ်ချခြင်း မပြုကြလင့်။ ထို(မုရှ်ရစ်က်)များသည် အလ္လာဟ်အရှင်မြတ်အား စွန့်ပယ်၍ကိုးကွယ်ကြ၏။ အဘယ်ကြောင့်ဆိုသော် (အသင်တို့ဤသို့ပြုလုပ် ကြလျှင်) ထိုသူများသည်လည်း အသိတရား မရှိ သဖြင့်စည်းကမ်းကျူးလွန်ကာ အလ္လာဟ်အရှင်မြတ်အား ကဲ့ရဲ့ရှုတ်ချခြင်း ပြုကြပေမည်။ ငါအရှင်သည် ဤနည်းအတိုင်းပင် အုပ်စုတိုင်း၏အမြင်တွင် ၎င်းတို့၏ပြုမူချက်တို့ကို လှပတင့်တယ်အောင် ပြုလုပ်ထားတော်မူခဲ့လေသည်။ ထို့နောက် ၎င်းတို့အားလုံးသည်မိမိတို့အား မွေးမြူတော်မူသောအရှင်မြတ်အထံတော်သို့ ပြန်ကြရမည်။ ထိုအခါ အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ပြုလုပ်ခဲ့ကြသည်များကို ထုတ်ဖော်မိန့်ကြားတော်မူမည်။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် ၎င်း(အခြားဘာသာဝင်)တို့က အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကိုးကွယ်နေကြသော ကိုးကွယ်ရာများကို ကဲ့ရဲ့ရှုတ်ချခြင်း မပြုကြနှင့်။ ထိုကဲ့သို့ပြုလုပ်လျှင် သူတို့သည် အသိတရားမရှိသည့်အတွက် စည်းဘောင်ကျော်ပြီး အလ္လာဟ်အရှင်မြတ်အား ကဲ့ရဲ့ရှုတ်ချမှုပြုလုပ်ကြမည်။* ငါအရှင်မြတ်သည် ထိုကဲ့သို့ပင် အုပ်စုတိုင်း၏အမြင်တွင် သူတို့၏လုပ်ရပ်များကို လှပတင့်တယ်အောင် တန်ဆာဆင်ပေးထားတော်မူခဲ့သည်။* ထို့နောက် သူတို့အားလုံး၏ ပြန့်လှည့်ရာသည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်သို့ပင်ဖြစ်သည်။ ထိုအခါ အရှင်မြတ်သည် သူတို့အား သူတို့ပြုမူခဲ့သောအရာများကို အသိပေးတော်မူမည်။ |