Quran with Burmese translation - Surah Al-An‘am ayat 114 - الأنعَام - Page - Juz 8
﴿أَفَغَيۡرَ ٱللَّهِ أَبۡتَغِي حَكَمٗا وَهُوَ ٱلَّذِيٓ أَنزَلَ إِلَيۡكُمُ ٱلۡكِتَٰبَ مُفَصَّلٗاۚ وَٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ يَعۡلَمُونَ أَنَّهُۥ مُنَزَّلٞ مِّن رَّبِّكَ بِٱلۡحَقِّۖ فَلَا تَكُونَنَّ مِنَ ٱلۡمُمۡتَرِينَ ﴾
[الأنعَام: 114]
﴿أفغير الله أبتغي حكما وهو الذي أنـزل إليكم الكتاب مفصلا والذين آتيناهم﴾ [الأنعَام: 114]
Ba Sein ၁၁၄။ အလ္လာဟ်အသျှင်မြတ်သည် ဤကျမ်းတော်ကို သင်တို့အား ရှင်းလင်းပြည့်စုံစွာချပေးတော်မူပြီးသည့် နောက် အကျွနု်ပ်သည် အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြားတရားသူကြီးကို ရှာမှီးမည်လော။ အကြင်သူတို့အား ငါအသျှင်သည် ရှေးအတိတ်ကာလမှ ကျမ်းတော်ကို ချပေးတော်မူ၏။ ထိုသူတို့သည် ကုရ်အာန်ကျမ်းတော်ကို သင်၏ကျေးဇူးတော်သခင်က အမှန်ပင် ချပေးတော်မူသည်ကို သိကြ၏။ ထို့ကြောင့် အို-မိုဟမ္မဒ် သင်သည် ယုံမှားသံသယရှိသူတို့ဘောင်တွင် မပါဝင်လင့်။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော် အသင်သည် ဤသို့ ပြောကြားပါလေ)။ ‘ငါသည် အလ္လာဟ်အရှင်မြတ်မှ တစ်ပါး အခြားသူကိုစီရင်ဆုံးဖြတ်သူ တရားသူကြီး အဖြစ်ရှာဖွေရပါမည်လော။ အမှန်စင်စစ် ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့ထံ၌ (အလုံးစုံတို့ကို)လင်း၍ ပြထားပြီးဖြစ်သော(ကုရ်အာန်)ကျမ်းဂန်ဒေသနာ တော်မြတ်ကို ချပေးသနားတော်မူခဲ့လေသည်။’အမှန်သော်ကား(ယခင်က)ငါအရှင်မြတ် ကျမ်းဂန်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ သောသူတို့သည်လည်းယင်း(ကုရ်အာန်)ကျမ်းတော်မြတ်သည် အသင့်အားမွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်ထံတော်မှ မှန်ကန်သောအကြောင်းအရာနှင့် တကွကျရောက်လာသော ဒေသနာတော်ကျမ်းမြတ်ဖြစ်သည်ကို သိရှိကြကုန်သည်။ သို့ဖြစ်ပေရာ အသင်သည် ဒွိဟမကင်းသူတို့အနက် အပါအဝင် မဖြစ်ပါလေနှင့်။ |
Hashim Tin Myint (အသင်တမန်တော် ပြောလိုက်ပါ) ထို့နောက် ငါသည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ထိုအရှင်မြတ်သည် အသင်တို့အပေါ်တွင် အသေးစိတ် ရှင်းလင်းဖွင့်ဆိုထားသော (ကုရ်အာန်)ကျမ်းတော်ကို ချပေးတော်မူခဲ့ပါလျက် အခြားသူကို စီရင်ဆုံးဖြတ်သူ တရားသူကြီးအဖြစ် ရှာဖွေရမည်လော။ ထို့ပြင် ငါအရှင်မြတ်က ကျမ်းဂန်ပေးသနားထားသောသူများသည်လည်း အမှန်ပင် ဤ(ကုရ်အာန်)ကျမ်းတော်မြတ်သည် အသင်(တမန်တော်)အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ မှန်ကန်မှုနှင့်တကွ ကျရောက်လာသောကျမ်းဖြစ်သည်ကို သိရှိကြသည်။ သို့ဖြစ်ရာ အသင်(တမန်တော်)သည် သံသယဖြစ်သူများထဲ၌ အပါအဝင် မဖြစ်လေနှင့်။ |