×

အသင် (တမန်တော်) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ ဗျာဒိတ်တော် (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်) အား တိကျမှန်ကန်ပြတ်သားစွာနှင့်တရားမျှတစွာဖြင့် ပြီးပြည့်စုံစေတော်မူပြီဖြစ်၍ 6:115 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:115) ayat 115 in Burmese

6:115 Surah Al-An‘am ayat 115 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 115 - الأنعَام - Page - Juz 8

﴿وَتَمَّتۡ كَلِمَتُ رَبِّكَ صِدۡقٗا وَعَدۡلٗاۚ لَّا مُبَدِّلَ لِكَلِمَٰتِهِۦۚ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ﴾
[الأنعَام: 115]

အသင် (တမန်တော်) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ ဗျာဒိတ်တော် (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်) အား တိကျမှန်ကန်ပြတ်သားစွာနှင့်တရားမျှတစွာဖြင့် ပြီးပြည့်စုံစေတော်မူပြီဖြစ်၍ အရှင့်ဗျာဒိတ်တော်ကို ပြောင်းလဲနိုင်သူဟူ၍ အလျင်း မရှိချေ။ ထိုအရှင်မြတ်သည် (လူသားတို့၏မဟုတ်မှန်သော ဝါဒဖြန့်မှုအပါအဝင် အပြောအဆိုအားလုံးကို) အကြွင်းမဲ့ ကြားနေတော်မူသော အရှင်၊ အရာခပ်သိမ်းတို့နှင့်စပ်လျဉ်း၍ အချက်အလက်အသေးစိတ်ကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: وتمت كلمت ربك صدقا وعدلا لا مبدل لكلماته وهو السميع العليم, باللغة البورمية

﴿وتمت كلمت ربك صدقا وعدلا لا مبدل لكلماته وهو السميع العليم﴾ [الأنعَام: 115]

Ba Sein
၁၁၅။ သင်၏ကျေးဇူးတော်သခင်၏ ဗျာဒိတ်တော်စကားသည် မှန်ကန်ခြင်း၊ တရားခြင်းများဖြင့် စုံလင်၏။ အသျှင်မြတ်၏ ဗျာဒိတ်စကားတော်ကို ပြောင်းလွှဲနိုင်စွမ်းသူ တစ်စုံတစ်ယောက်မျှမရှိပေ။ အသျှင်မြတ် သည် ကြားတော်မူသောအသျှင်၊ သိတော်မူသောအသျှင် ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
၎င်းအပြင် အသင့်အား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၏ (ဤ)မုက္ခပါဌ်တော်သည် မှန်ကန်ခြင်း အရာ၌လည်းကောင်း၊ တရားမျှတခြင်းအရာ၌လည်းကောင်း၊စုံလင်ပြည့်စုံလှပေသည်။ ထိုအရှင်မြတ်၏ မုက္ခပါဌ်တော်များကို ပြောင်းလွှဲနိုင်သူဟူ၍ကား အလျင်းမရှိပြီ။ စင်စစ်မူကားထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိမြင်တော်မူသော အရှင်မြတ်ပင်တည်း။
Hashim Tin Myint
ထို့ပြင် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏စကား‌တော်သည် မှန်ကန်မှု၊ တရားမျှတမှုတို့နှင့် ပြည့်စုံသည်။* အရှင်မြတ်၏စကား‌တော်များကို ‌ပြောင်းလဲနိုင်သူ မရှိ‌ပေ။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek