×

အလ္လာဟ်အရှင်မြတ်၏စည်းမျဉ်းတော်နှင့်အညီ ယင်းတို့အပေါ်အရှင့်နာမတော်အား သတိရ တသခြင်း မခံရသော အစားအသောက်များကို စားသောက်ခြင်းမပြုကြလေနှင့်။ အကြောင်းမှာ ထိုသို့ စားသောက်ခြင်းသည် အရှင့်အမိန့်တော်ကို အာခံဖီဆန်ခြင်းပင်ဖြစ်ပြီး 6:121 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:121) ayat 121 in Burmese

6:121 Surah Al-An‘am ayat 121 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 121 - الأنعَام - Page - Juz 8

﴿وَلَا تَأۡكُلُواْ مِمَّا لَمۡ يُذۡكَرِ ٱسۡمُ ٱللَّهِ عَلَيۡهِ وَإِنَّهُۥ لَفِسۡقٞۗ وَإِنَّ ٱلشَّيَٰطِينَ لَيُوحُونَ إِلَىٰٓ أَوۡلِيَآئِهِمۡ لِيُجَٰدِلُوكُمۡۖ وَإِنۡ أَطَعۡتُمُوهُمۡ إِنَّكُمۡ لَمُشۡرِكُونَ ﴾
[الأنعَام: 121]

အလ္လာဟ်အရှင်မြတ်၏စည်းမျဉ်းတော်နှင့်အညီ ယင်းတို့အပေါ်အရှင့်နာမတော်အား သတိရ တသခြင်း မခံရသော အစားအသောက်များကို စားသောက်ခြင်းမပြုကြလေနှင့်။ အကြောင်းမှာ ထိုသို့ စားသောက်ခြင်းသည် အရှင့်အမိန့်တော်ကို အာခံဖီဆန်ခြင်းပင်ဖြစ်ပြီး ဧကန်ပင်၊ စေတန်မကောင်းဆိုးဝါးတို့သည် သင်တို့နှင့်အချေ အတင်ပြောဆိုငြင်းခုံကြရန်သူတို့၏လူယုံမိတ်ဆွေအပေါင်းအသင်းတို့အား စေ့ဆော်လှုံ့ဆော်ကြ၏။ ထို့ပြင် အကယ်၍ သူတို့အား နာခံလိုက်နာလျှင် သင်တို့သည် အမှန်ပင် အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ ကိုးကွယ်ကြသူတို့မှ ဖြစ်ကြလိမ့်မည်။

❮ Previous Next ❯

ترجمة: ولا تأكلوا مما لم يذكر اسم الله عليه وإنه لفسق وإن الشياطين, باللغة البورمية

﴿ولا تأكلوا مما لم يذكر اسم الله عليه وإنه لفسق وإن الشياطين﴾ [الأنعَام: 121]

Ba Sein
၁၂၁။ အလ္လာဟ်အသျှင်မြတ်၏နာမတော်ကို မရွတ်ဘဲ သတ်ဖြတ်သောတိရစ္ဆာန်၏အသားကို မစားကြလင့်။ ထိုအသားသည် စက်ဆုတ်ရွံ့ရှာဖွယ်ကောင်း၏။ မှတ်သားကြလော့။ ရှိုင်တန်မာရ်နတ်များသည် သူတို့၏ ဗိုလ်ခြေများကို သင်တို့နှင့် ငြင်းခုံရန် နှိုးဆော်ကြ၏။ သို့သော် သင်တို့သည် သူတို့စကားကို နားထောင်ကြလျှင် သင်တို့သည် ရုပ်ထုကို ကိုးကွယ်သူအမှန်ပင်ဖြစ်ကြပေမည်။
Ghazi Mohammad Hashim
၎င်းပြင် အသင်တို့သည် အကြင်(တိရစ္ဆာန်များ)အနက်မှစားသုံးခြင်း မပြုကြကုန်လင့်။ ထို(တိရစ္ဆာန် များ)၏အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ နာမံတော်သည် တသခြင်းမရှိခဲ့ချေ။ ဤသည်(ကိုစားသုံးခြင်း)ကား အမိန့်တော်ကို သွေဖည်ခြင်းပင်တည်း။ ထိုမှတစ်ပါး မလွဲဧကန် ‘ရှိုင်တွာန်’တို့သည် အသင်တို့နှင့် အချေအတင် ပြောဆိုငြင်းခုံကြရန် အလို့ငှာ၊ မိမိတို့၏ အဆွေခင်ပွန်းများထံ ပြင်ပ ပယောဂ (ဒွိဟသံသယများ)ကို သွင်းပေးကြလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အကယ်၍ ၎င်းတို့၏ ပြောစကားကို လိုက်နာကြပါမူ၊မုချစင်စစ် အသင်တို့သည်လည်း အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ကိုးကွယ်သူတို့တွင် အပါအဝင်ဖြစ်ကြလတ္တံ့။ (ရကူ)
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek