Quran with Burmese translation - Surah Al-An‘am ayat 124 - الأنعَام - Page - Juz 8
﴿وَإِذَا جَآءَتۡهُمۡ ءَايَةٞ قَالُواْ لَن نُّؤۡمِنَ حَتَّىٰ نُؤۡتَىٰ مِثۡلَ مَآ أُوتِيَ رُسُلُ ٱللَّهِۘ ٱللَّهُ أَعۡلَمُ حَيۡثُ يَجۡعَلُ رِسَالَتَهُۥۗ سَيُصِيبُ ٱلَّذِينَ أَجۡرَمُواْ صَغَارٌ عِندَ ٱللَّهِ وَعَذَابٞ شَدِيدُۢ بِمَا كَانُواْ يَمۡكُرُونَ ﴾
[الأنعَام: 124]
﴿وإذا جاءتهم آية قالوا لن نؤمن حتى نؤتى مثل ما أوتي رسل﴾ [الأنعَام: 124]
Ba Sein ၁၂၄။ သူတို့ထံသို့ သက်သေသာဓကတော်တစ်ပါးပါး ကျရောက်လာသောအခါ သူတို့က အလ္လာဟ်အသျှင် မြတ်၏ တမန်တော်များအားပေးသော ကျေးဇူးမင်္ဂလာတော်ကို အကျွနု်ပ်တို့အား ပေးတော်မမူသမျှ ကာလပတ်လုံး အကျွနု်ပ်တို့သည် ယုံကြည်ကြမည်မဟုတ်ပေဟု ဆိုကြ၏။ အလ္လာဟ်အသျှင်မြတ်သည် မိမိ၏ ဗျာဒိတ်တော်ကို မည်သူ့အား အပ်နှံထိုက်သည်ကို အသိဆုံးဖြစ်တော်မူ၏။ အပြစ်ကျူးလွန် သူတို့အား မိမိတို့ ဆိုးဝါးသော ကြံစည်မှုကြောင့် အလ္လာဟ်အသျှင်မြတ်အထံတော်မှ သေးသိမ် ယုတ်ညံ့သောအဖြစ်နှင့် ကြီးလေးသောအပြစ်ဒဏ်သည် နှိပ်စက်လိမ့်မည်။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ၎င်းတို့ထံ သက်သေလက္ခဏာတစ်စုံတစ်ရာ ရောက်ရှိလာသောအခါ ၎င်းတို့က ငါတို့သည်အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်များ ချီးမြှင့်ခြင်းခံကြရသကဲ့သို့ ချီးမြှင့်ပေးသနားတော်မူခြင်း မခံကြရသမျှကာလပတ်လုံးငါတို့သည် အလျင်းအီမာန်သက်ဝင်ယုံကြည်ကြမည်မဟုတ်ပေ ဟု ပြောဆိုကြကုန်သည်။ (အမှန်စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်သည်သာလျှင် မိမိ၏ရစူလ်တမန်တော်ဂုဏ်ကို မည်သူ့အား ချီးမြှင့်ရမည်ကို အသိဆုံးပင်ဖြစ်တော်မူပေသည်။ (ထိုမှတစ်ပါး)ပြစ်မှုကျူးလွန်သောသူတို့သည် မကြာမြင်မီ အလ္လာဟ်အရှင်မြတ်အထံတော်၌ မိမိတို့မကောင်းကြံစည်မှုများ၏အစား ဂုဏ်ရည်သေးသိမ်ခြင်းနှင့်ပြင်းထန်သော ပြစ်ဒဏ်တို့ကို ခံစားကြရလတ္တံ့။ |
Hashim Tin Myint ထို့ပြင် သူတို့ထံသို့ အာယသ်တစ်စုံတစ်ရာ ရောက်လာသောအခါ သူတို့က “အလ္လာဟ်အရှင်မြတ်၏တမန်တော်များ ပေးသနားခြင်းခံရသကဲ့သို့ ငါတို့ကို ပေးသနားမခံရမချင်း ငါတို့သည် မည်သည့်အခါမှ အီမာန်ယုံကြည်ကြမည် မဟုတ်ပေ“ဟု ပြောဆိုကြသည်။* အလ္လာဟ်အရှင်မြတ်ပင် အရှင်မြတ်၏တမန်တော်ဘွဲ့ကို မည်သူ့အား ပေးရမည်ကို အသိဆုံးဖြစ်တော်မူသည်။* ပြစ်မှုကျူးလွန်သူများသည် သူတို့၏ မကောင်းကြံစည်ခဲ့မှုများကြောင့် မကြာမီ အလ္လာဟ်အရှင်မြတ်ထံတော်တွင် သေးသိမ်မှုနှင့် ပြင်းထန်သောအပြစ်ဒဏ်ကို ခံစားကြရလိမ့်မည်။ |