×

(အရှင်မြတ်သည် လူသားတို့အတွက် သန့်ရှင်းစင်ကြယ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော တရားဝင်အစား အသောက်နှင့်စားနပ်ရိက္ခာအလုံးစုံတို့ကို အစဉ် ချီးမြှင့်ပေးအပ်တော်မူသောအရှင်ပင် ဖြစ်တော်မူ၏။) ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော 6:141 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:141) ayat 141 in Burmese

6:141 Surah Al-An‘am ayat 141 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 141 - الأنعَام - Page - Juz 8

﴿۞ وَهُوَ ٱلَّذِيٓ أَنشَأَ جَنَّٰتٖ مَّعۡرُوشَٰتٖ وَغَيۡرَ مَعۡرُوشَٰتٖ وَٱلنَّخۡلَ وَٱلزَّرۡعَ مُخۡتَلِفًا أُكُلُهُۥ وَٱلزَّيۡتُونَ وَٱلرُّمَّانَ مُتَشَٰبِهٗا وَغَيۡرَ مُتَشَٰبِهٖۚ كُلُواْ مِن ثَمَرِهِۦٓ إِذَآ أَثۡمَرَ وَءَاتُواْ حَقَّهُۥ يَوۡمَ حَصَادِهِۦۖ وَلَا تُسۡرِفُوٓاْۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُسۡرِفِينَ ﴾
[الأنعَام: 141]

(အရှင်မြတ်သည် လူသားတို့အတွက် သန့်ရှင်းစင်ကြယ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော တရားဝင်အစား အသောက်နှင့်စားနပ်ရိက္ခာအလုံးစုံတို့ကို အစဉ် ချီးမြှင့်ပေးအပ်တော်မူသောအရှင်ပင် ဖြစ်တော်မူ၏။) ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော ဥယျာဉ်ခြံများ၌ နွယ်တက်သော အပင်များ၊ နွယ်မတက်သောအပင်များ၊ စွန်ပလွံပင်များနှင့်ကောက်ပဲသီးနှံအမျိုးမျိုးတို့ကို ယင်းတို့၏အနံ့အရသာ ကိုယ်စီနှင့်လည်းကောင်း၊ ဖွဲ့စည်းမှုပုံသဏ္ဍာန်တူညီသော (အရောင်အသွေး အနံ့အရသာအားဖြင့်) ဖွဲ့စည်းမှုပုံ သဏ္ဍာန်မတူညီသော သံလွင်ပင်များနှင့်သလဲပင်များ (စသော သစ်သီးဝလံမျိုးစုံ) ကိုလည်းကောင်း ပေါက်ဖွား ဖြစ်ထွန်း စေတော်မူ၏။ (ရာသီဥတုနှင့်နေရာဒေသအလိုက်) သီးပွင့်ကြသည့် သစ်သီးဝလံများကို ယင်းတို့ သီးပွင့်သည့်အခါ စားသုံးကြလော့။ ယင်းတို့ကို ရိတ်သိမ်းမည့်နေ့ရက် အချိန်ကာလတွင် (ယင်းသစ်သီးဝလံများနှင့်သီးနှံများထဲမှ အရှင်မြတ်ပြဋ္ဌာန်းထားသော တာဝန်ကြေးကို ချို့တဲ့ဆင်းရဲသူတို့အား) မှန်ကန်စွာ ပေးကမ်းကြလော့။ (အလွန်အကျွံစားသုံးခြင်းဖြင့်လည်းကောင်း) တာဝန်မဲ့စွာ ပစ်ထားခြင်းဖြင့်လည်းကောင်း၊ မလိုလားအပ်သောအရာအတွက် အသုံးချခြင်းဖြင့်လည်း ယင်းတို့ကို) မဖြုန်းတီးကြလေနှင့်။ ဧကန်ပင်၊ ထိုအရှင်မြတ် သည် ဖြုန်းတီးသော သူတို့အား နှစ်သက်တော် မမူချေ။

❮ Previous Next ❯

ترجمة: وهو الذي أنشأ جنات معروشات وغير معروشات والنخل والزرع مختلفا أكله والزيتون, باللغة البورمية

﴿وهو الذي أنشأ جنات معروشات وغير معروشات والنخل والزرع مختلفا أكله والزيتون﴾ [الأنعَام: 141]

Ba Sein
၁၄၁။ အသျှင်မြတ်သည် ဥယျာဉ်ပန်းမာလိအမျိုးမျိုးကို ဖန်ဆင်းတော်မူ၏။ ထိုဥယျာဉ်များ၌ စင်ထောင်းပေး ရသော နွယ်ပင်များ စင်ထောင်ပေးရန်မလိုသောအပင်များ၊ စွန်ပလွန်ပင်များ၊ အနံ့အရသာ အမျိုးမျိုးရှိသော ကောက်ပဲသီးနှံများ၊ အမျိုးတူ၊ အမျိုးမတူသော သံလွင်ပင်၊ သလဲပင်များ ပေါက်ရောက်လျက်ရှိကြ၏။ သင်တို့သည် ထိုသီးပင်များသီးသောအခါ အသီးများကို မှီဝဲသုံးစွဲကြ လော့။ အသီး အနှံ ရိတ်သိမ်းသောနေ့၌ ထိုအသီးအနှံများမှ ပညတ်တော်အတိုင်း လှူဒါန်းကြလော့။ မဖြုန်းတီးကြလင့်။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် ဖြုန်းတီးသူတို့ကို နှစ်သက်တော် မမူပေ။
Ghazi Mohammad Hashim
ထို(အလ္လာဟ်)အရှင်မြတ်သည်ပင်လျှင် (စင်ပေါ်သို့) နွယ်တက်သောဥယျာဉ်များကိုလည်းကောင်း၊ နွယ်မတက်သောဥယျာဉ်များကိုလည်းကောင်း၊ နွယ်ပင်ဥယျာဉ်၊ပင်ထောင်ဥယျာဉ်၊ အရသာ အမျိုးမျိုးနှင့်ပြည့်စုံသော စွန်ပလွံပင်များကိုလည်းကောင်း၊ ကောက်ပဲသီးနှံများကိုလည်းကောင်း၊ဆင်တူရိုးမှားဖြစ်သော သံလွင်ပင်များကိုလည်းကောင်း၊ သလဲသီးများကိုလည်းကောင်း၊ ပေါက်ရောက် ဖြစ်ပွား စေတော်မူခဲ့လေသည်။ အသင်တို့သည် ယင်းအပင်များ၏ အသီးအနှံများကို သီးပွင့်သောအခါ စားသုံးကြလေကုန်။ ထို့ပြင်တဝ အသင်တို့သည် ၎င်းအသီးအနှံများ ဆွတ်ခူးရိတ်သိမ်းသောနေ့တွင်၊၎င်း(အသီး အနှံများနှင့်စပ်လျဉ်း၍ တရားတော်က ပြဋ္ဌာန်းထားသော) တာဝန်ကို ပေးဆပ်ကြလေကုန်။ သို့ရာတွင် အသင်တို့သည် မဖြုန်းတီးကြကုန်လင့်။ အမှန်ဧကန် ထိုအရှင်မြတ်သည် ဖြုန်းတီးသော သူတို့အား နှစ်သက်တော်မမူချေ။
Hashim Tin Myint
ထို့ပြင် အရှင်မြတ်သည် အမှီပြု၍ နွယ်တက်‌သောဥယျာဉ်များ၊ အမှီမပြုရဘဲ ‌ထောင်တက်‌သောဥယျာဉ်များ၊ အရသာအမျိုးမျိုးရှိ‌သော စွန်ပလွန်ပင်များ၊ ‌ကောက်ပဲသီးနှံများ၊ ဆင်တူယိုးမှားဖြစ်‌သော သံလွင်(ပင်)များ၊ သလဲသီး(ပင်)များနှင့် ဆင်တူမှုမရှိ‌သော သစ်သီး(ပင်)များကို ‌ပေါက်‌ရောက်ဖြစ်ထွန်း‌စေ‌တော်မူခဲ့သည်။ အသင်တို့သည် ထိုအပင်များ၏အသီးအနှံများ သီးပွင့်‌သောအခါ စားသုံးကြပါ။ ၎င်းပြင် အသင်တို့သည် ထိုအသီးအနှံများ ဆွတ်ခူးရိတ်သိမ်း‌သော‌နေ့၌ (ပြဋ္ဌာန်းထား‌သော)တာဝန်*ကို ‌ပေးဆပ်ကြပါ။ ၎င်းပြင် အသင်တို့သည် မဖြုန်းတီးကြနှင့်။ အမှန်စင်စစ် အရှင်မြတ်သည် ဖြုန်းတီး‌သောသူများကို နှစ်သက်‌တော်မမူ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek