Quran with Burmese translation - Surah Al-An‘am ayat 151 - الأنعَام - Page - Juz 8
﴿۞ قُلۡ تَعَالَوۡاْ أَتۡلُ مَا حَرَّمَ رَبُّكُمۡ عَلَيۡكُمۡۖ أَلَّا تُشۡرِكُواْ بِهِۦ شَيۡـٔٗاۖ وَبِٱلۡوَٰلِدَيۡنِ إِحۡسَٰنٗاۖ وَلَا تَقۡتُلُوٓاْ أَوۡلَٰدَكُم مِّنۡ إِمۡلَٰقٖ نَّحۡنُ نَرۡزُقُكُمۡ وَإِيَّاهُمۡۖ وَلَا تَقۡرَبُواْ ٱلۡفَوَٰحِشَ مَا ظَهَرَ مِنۡهَا وَمَا بَطَنَۖ وَلَا تَقۡتُلُواْ ٱلنَّفۡسَ ٱلَّتِي حَرَّمَ ٱللَّهُ إِلَّا بِٱلۡحَقِّۚ ذَٰلِكُمۡ وَصَّىٰكُم بِهِۦ لَعَلَّكُمۡ تَعۡقِلُونَ ﴾
[الأنعَام: 151]
﴿قل تعالوا أتل ما حرم ربكم عليكم ألا تشركوا به شيئا وبالوالدين﴾ [الأنعَام: 151]
Ba Sein ၁၅၁။ ဟောကြားလော့။ ဟယ်-အချင်းတို့ လာကြလော့။ အကျွနု်ပ်သည် သင်တို့အား သင်တို့၏ ကျေးဇူးတော်သခင် ပညတ်တော်မူသော သင်တို့၏ ဘာသာဝတ္တရားများကို ပြောပြမည်။ ထိုဝတ္တရား များမှာ သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့် ဖက်စပ်သူတစ်စုံတစ်ယောက်ကိုမျှ မထားရခြင်း၊ သင်တို့သည် မိဘနှစ်ပါးအား ကောင်းမှုပြုရခြင်း၊ သင်တို့သည် ဆင်းရဲ၍ မိမိရင်သွေးတို့ကို မသတ် ဖြတ်ရခြင်း၊ ငါအသျှင်မြတ်သည် သင်တို့နှင့်သူတို့ကို ရိက္ခာပေးသနားတော်မူ၏။ သင်တို့သည် တိတ်တဆိတ်သော်လည်းကောင်း၊ မျက်နှာပြောင်တိုက်၍သော်လည်းကောင်း၊ မတရားကာမမှုကို မချဉ်းကပ်ရခြင်းတို့ဖြစ်ကြ၏။ တရားသဖြင့်မှတစ်ပါး သင်တို့သည် အလ္လာဟ်အသျှင်မြတ် တားမြစ် တော်မူသော လူသား၏အသက်ကို မသတ်ရခြင်းလည်းဖြစ်၏။ သင်တို့သည် အသိအလိမ္မာရစိမ့် သောငှာ အသျှင်မြတ်သည် သင်တို့အား ဤကျင့်စဉ်ဥပဒေသကို ပြဌာန်းတော်မူ၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် (ထိုသူများအားဤသို့)ပြောကြားကြပါလေ။ အသင်တို့လာကြကုန်၊ အသင်တို့၏အရှင်က အသင်တို့၏အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ထားတော်မူသော အရာများကို ကျွန်ုပ်ရွတ်ဖတ်ပြအံ့။ (ထိုအရာများ အား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍မည်သည့် အရာကိုမျှ မကိုးကွယ်ကြကုန်လင့်။ ၎င်းပြင်(အသင်တို့သည်) မိဘနှစ်ပါးနှင့် ကောင်းစွာဆက်ဆံခြင်း(ပြုကြကုန်)။၎င်းပြင် (အသင်တို့သည်) မိမိတို့၏သားသမီးများကို ဆင်းရဲမှုကြောင့် မသတ်ဖြတ်ကြကုန်လင့်။ ငါအရှင်မြတ်သည် အသင်တို့ကိုလည်းကောင်း၊ ထိုသူများကိုလည်းကောင်း၊ စားနပ်ရိက္ခာပေးတော်မူသည်။ ၎င်းပြင် အသင်တို့သည် ထင်ရှားသောသို့မဟုတ် လျှို့ဝှက်သော စက်ဆုပ်ရွံရှာရှက်ဖွယ်ရာ ယုတ်မာမှုများ၏အနီးသို့ပင် မချဉ်းကပ်ကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က (သတ်ဖြတ်ခြင်းမပြုရန်) ဟရာမ်ဟူ ၍တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကို မသတ်ဖြတ်ကြကုန်လင့်။ သို့ရာတွင် (အစ္စလာမ်) တရားတော်နှင့်အညီ(သတ်ဖြတ်ပိုင်ခွင့် ချွင်းချက်ရှိပေသည်)။ ထိုအရှင်မြတ်သည်အသင်တို့ သိနားလည်ကြရန်အလို့ငှာ အသင်တို့အား ဤသည်တို့ကို လေးနက်စွာ အမိန့်ချမှတ်တော်မူသည်။ |
Hashim Tin Myint (အို- တမန်တော်)အသင် ပြောလိုက်ပါ- အသင်တို့လာကြပါ၊ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က အသင်တို့အပေါ်တွင် ဟရာမ်ဟု တားမြစ်ထားသောအရာများကိုု ကျွန်ုပ် ရွတ်ဖတ်ပြမည်။ (ထိုအရာများမှာ) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ပြီး မည်သည့်အရာကိုမှ မကိုးကွယ်ကြနှင့်။ ၎င်းပြင် မိဘနှစ်ပါးနှင့် ကောင်းမွန်စွာ ဆက်ဆံမှု(ပြုကြပါ)။ ထို့ပြင် အသင်တို့၏ သားသမီးများအား ဆင်းရဲမှုကြောင့် မသတ်ဖြတ်ကြနှင့်။ ငါအရှင်မြတ်သည် အသင်တို့နှင့် ၎င်း(သာသမီး)တို့ကို စားနပ်ရိက္ခာ ပေးနေတော်မူသည်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က (မသတ်ဖြတ်ရန်) တားမြစ်ထားသော အသက်ကို မတရား မသတ်ဖြတ်ကြနှင့်။ သို့ရာတွင် (အစ္စလာမ့်)တရားတော်နှင့်အညီ (သတ်ဖြတ်ပိုင်ခွင့် ခြွင်းချက်ရှိသည်)။ အရှင်မြတ်သည် အသင်တို့ သိနားလည်ကြရန်အတွက် အသင်တို့အား ဤသည်နှင့်ပတ်သက်၍ (အလေးအနက်) မှာကြားတော်မူသည်။ |