Quran with Burmese translation - Surah Al-An‘am ayat 150 - الأنعَام - Page - Juz 8
﴿قُلۡ هَلُمَّ شُهَدَآءَكُمُ ٱلَّذِينَ يَشۡهَدُونَ أَنَّ ٱللَّهَ حَرَّمَ هَٰذَاۖ فَإِن شَهِدُواْ فَلَا تَشۡهَدۡ مَعَهُمۡۚ وَلَا تَتَّبِعۡ أَهۡوَآءَ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ وَهُم بِرَبِّهِمۡ يَعۡدِلُونَ ﴾
[الأنعَام: 150]
﴿قل هلم شهداءكم الذين يشهدون أن الله حرم هذا فإن شهدوا فلا﴾ [الأنعَام: 150]
Ba Sein ၁၅၀။ ဟောကြားလော့။ ဟယ်-အချင်းတို့ ဤအရာအားလုံးသည် အလ္လာဟ်အသျှင်မြတ်က တရားမဝင်ဟု တားမြစ်သည်ကို သက်သေခံနိုင်သည့် သင်တို့၏ သက်သေများကို ခေါ်ယူခဲ့ကြလော့။ အကယ်၍ သူတို့ သက်သေထွက်ဆိုလျှင် သင်လည်း သူတို့နှင့်အတူတကွ သက်သေမခံလင့်။ ငါအသျှင်မြတ်၏ ဗျာဒိတ်တော်များကို ငြင်းပယ်သူတို့၏အလိုများသို့ မလိုက်သင့်။ သူတို့သည် နောင်တမလွန်ဘဝကို မယုံကြည်ကြ။ သူတို့၏ ကျေးဇူးတော်သခင်နှင့် အခြားအရာများ တူညီသည်ဟု ထင်မှတ်ကြ၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ဤအရာ(များ)ကို ‘ဟရာမ်’ ဟူ၍ တားမြစ်ထားတော်မူသည်ဟု သက်သေခံကြမည့် အသင်တို့၏သက်သေများကို ခေါ်ယူခဲ့ကြလေကုန်ဟုပြောဆိုပါလေ။ အကယ်၍ ၎င်း(သက်သေ)တို့သည် (မုသား)သက်သေခံကြသည့်တိုင်အောင် အသင်သည် ၎င်းတို့နှင့်အတူသက်သေမခံပါလေနှင့်။ ၎င်းပြင် အသင်သည် အကြင်သူများ၏အလိုဆန္ဒများကို မလိုက်ပါလေနှင့်။ ထိုသူများသည် ငါအရှင်မြတ်၏အမိန့်တော်များကို မဟုတ်မမှန် ဟုပြောဆိုကြသည်။၎င်းပြင် နောင်တမလွန်ဘဝကိုပင် မယုံကြည်ကြသည့်ပြင် မိမိတို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင်နှင့်တန်းတူထား၍(အခြားအရာများကိုလည်း) ကိုးကွယ်ကြသူတို့၏ အလိုဆန္ဒများကိုလည်း မလိုက်ပါလေနှင့်။(ရကူ) |
Hashim Tin Myint (အို- တမန်တော်)အသင် ပြောလိုက်ပါ- အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ဤအရာ (တိရစာ္ဆန်များနှင့် လယ်ယာများ)ကို ဟရာမ်ဟု တားမြစ်ထားကြောင်း သက်သေခံကြမည့် အသင်တို့၏ သက်သေများကို ခေါ်ယူခဲ့ကြပါ။ အကယ်၍ သူတို့သည် (လိမ်လည်)သက်သေခံကြလျှင်ပင် အသင်သည် သူတို့နှင့်အတူ သက်သေမခံပါနှင့်။* ထို့ပြင် အသင်သည် အကြင်သူများ၏ အလိုဆန္ဒများနောက်ကို မလိုက်လေနှင့်။ ထိုသူများသည် ငါအရှင်မြတ်၏ အမိန့်တော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ ၎င်းပြင် ထိုသူများသည် တမလွန်ဘဝကိုလည်း မယုံကြည်ကြသည့်အပြင် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်နှင့် (အခြားအရာများကို)တန်းတူထားပြီး ကိုးကွယ်ကြသည်။ |