×

မိဘမဲ့တို့ လူလားမြောက်သည့်အရွယ်ရောက်သည်အထိ (စေတနာကောင်းဖြင့် သူတို့ပိုင်၊ ပစ္စည်းဥစ္စာများ ကို ပိုမို၍ တိုးပွားစေရန်) အကောင်းဆုံးသော နည်းလမ်းမှတစ်ပါး သူတို့၏ဥစ္စာပစ္စည်းများသို့ မချဉ်းကပ်ကြလေနှင့်။ 6:152 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:152) ayat 152 in Burmese

6:152 Surah Al-An‘am ayat 152 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 152 - الأنعَام - Page - Juz 8

﴿وَلَا تَقۡرَبُواْ مَالَ ٱلۡيَتِيمِ إِلَّا بِٱلَّتِي هِيَ أَحۡسَنُ حَتَّىٰ يَبۡلُغَ أَشُدَّهُۥۚ وَأَوۡفُواْ ٱلۡكَيۡلَ وَٱلۡمِيزَانَ بِٱلۡقِسۡطِۖ لَا نُكَلِّفُ نَفۡسًا إِلَّا وُسۡعَهَاۖ وَإِذَا قُلۡتُمۡ فَٱعۡدِلُواْ وَلَوۡ كَانَ ذَا قُرۡبَىٰۖ وَبِعَهۡدِ ٱللَّهِ أَوۡفُواْۚ ذَٰلِكُمۡ وَصَّىٰكُم بِهِۦ لَعَلَّكُمۡ تَذَكَّرُونَ ﴾
[الأنعَام: 152]

မိဘမဲ့တို့ လူလားမြောက်သည့်အရွယ်ရောက်သည်အထိ (စေတနာကောင်းဖြင့် သူတို့ပိုင်၊ ပစ္စည်းဥစ္စာများ ကို ပိုမို၍ တိုးပွားစေရန်) အကောင်းဆုံးသော နည်းလမ်းမှတစ်ပါး သူတို့၏ဥစ္စာပစ္စည်းများသို့ မချဉ်းကပ်ကြလေနှင့်။ ထို့ပြင် (ချိန်တွယ်စရာများကို အသုံးပြု၍) ကုန်ဖလှယ်ရာ၌ အလေးချိန်ကို တရားမျှတစွာဖြင့် အပြည့်အဝ ချိန်တွယ်ပေးကြလော့။ ငါအရှင်သည် မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထား သော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင် သောစိတ်ဝိဉာဉ်) ကိုမျှ ထိုသူတတ်စွမ်းနိုင်သည်ထက် ပို၍ (မနိုင်ဝန်ကို) ထမ်းစေတော်မူသည် မဟုတ်ပေ။ ဆွေမျိုးသားချင်းများဖြစ် သည့်တိုင် (သက်သေခံရာ၌ဖြစ်စေ၊ စီရင်ဆုံးဖြတ်ရာ၌ဖြစ်စေ) ပြောဆိုဆက်ဆံကြသည့်အခါ တရားမျှတစွာနှင့်တိကျပြတ်သားစွာ ပြောဆိုကြလော့။ ထို့ပြင် အလ္လာဟ်ရှင်မြတ်နှင့်ထားရှိသော ကတိသစ္စာကိုလည်း ဖြည့်ဆည်း တည်ဆောက်ကြရမည်။ သင်တို့သည် အရှင်မြတ်ကို သတိရ တသ၍ ဖွင့်ဟကြရန်အလို့ငှာ ယင်းတို့ကို သင်တို့အား အမိန့်ညွှန်ကြားချက်အဖြစ် မှာကြားတော်မူ၏။

❮ Previous Next ❯

ترجمة: ولا تقربوا مال اليتيم إلا بالتي هي أحسن حتى يبلغ أشده وأوفوا, باللغة البورمية

﴿ولا تقربوا مال اليتيم إلا بالتي هي أحسن حتى يبلغ أشده وأوفوا﴾ [الأنعَام: 152]

Ba Sein
၁၅၂။ ထို့ပြင် မိဘမဲ့ကလေးသူငယ်တို့သည် အချိန်အရွယ်ရောက်သည့်တိုင်အောင် သင်တို့သည် သူတို့၏ ပစ္စည်းများအနီးသို့ ၎င်းပစ္စည်းထက်သာသောပစ္စည်းနှင့်မှတစ်ပါး မချဉ်းကပ်ကြလင့်။ သင်တို့သည် တိုင်းထွာချိန်တွယ်သောအခါ တရားသောအတိုင်းအထွာ၊ အလေး၊ တင်းတောင်း၊ ချိန်ခွင် စသည်တို့နှင့် အပြည့်တိုင်းထွာချိန်တွယ်ပေးကြလော့။ မည်သည့်ဝိညာဉ်ကိုမှ ၎င်း၏အင်အားထက် ပိုသောဝန်ကို ငါပေးတော်မမူပေ။ အကယ်၍ သင်တို့သည် ဂတိထားလျှင် ထိုဂတိသည် မိမိတို့၏ ဆွေမျိုးနီးစပ်ကို နစ်နာစေမည်ဖြစ်သော်လည်း ထိုဂတိသစ္စာကို တည်ကြလော့။ အလ္လာဟ်အသျှင် မြတ်နှင့်ထားသည့် ပဋိညာဉ်ကိုလည်း စောင့်ထိန်းကြလော့။ သင်တို့သည် သတိတရားရစေခြင်းငှာ အလ္လာဟ်အသျှင်မြတ်သည် ဤကျင့်စဉ်တရားကို ပြဌာန်းတော်မူ၏။
Ghazi Mohammad Hashim
ထို့ပြင် အသင်တို့သည် ကောင်းမွန်သော နည်းလမ်းမှတစ်ပါး မိဘမဲ့ကလေးသူငယ်တို့၏ ဥစ္စာပစ္စည်း၏အပါးသို့ပင်၊ ၎င်းတို့လူလားမြောက်၊ အရွယ်ရောက်သည်အထိ မချဉ်းကပ်ရ၊ ထိုမှတစ်ပါး အသင်တို့သည် တောင်း၊ တင်းနှင့်အလေးများကို တရားမျှတစွာဖြင့် အပြည့်ချိန်တွယ်၍ ပေးကြရမည်။ငါအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုသူတတ်စွမ်းနိုင်သည်ထက် ပို၍ဝန်တင်တော်မူသည်မဟုတ်။ ထိုနည်းတူ အသင်တို့သည် (တစ်စုံတစ်ရာကို သက်သေခံ ရာ၌ဖြစ်စေ၊ စီရင်ဆုံးဖြတ်ရာ၌ဖြစ်စေ) စကားပြောဆိုသောအခါ(အပြောခံရသောသူသည် မိမိ)ဆွေရင်းသားရင်း ဖြစ်သည့်တိုင်အောင် တရားမျှတစွာ ပြောဆိုကြရမည်။ ထို့အတူ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသောကတိ သစ္စာကိုလည်းတည်ကြရမည်(ဖြစ်ပေသည်။) ထိုအရှင်မြတ်သည် အသင်တို့မှတ်သားနိုင်ခြင်းငှာ ဤသည့်(အချက်)တို့နှင့်စပ်လျဉ်း၍ အမိန့်ချမှတ်တော်မူလေသတည်း။
Hashim Tin Myint
ထို့ပြင် အသင်တို့သည် ‌ကောင်းမွန်(တိုးတက်‌စေလို)‌သောနည်းလမ်းမှလွဲ၍ အဘမဲ့က‌လေးများ၏ ပစ္စည်းဥစ္စာ၏အနားသို့ သူတို့အရွယ်မ‌ရောက်မချင်း မချဉ်းကပ်ကြနှင့်။ ၎င်းပြင် အသင်တို့သည် ခြင်ခွက်နှင့် ချိန်ခွင်များကို မျှတပြည့်ဝစွာ ခြင်တွယ်ချိန်ဆ‌ပေးကြပါ။ ငါအရှင်မြတ်သည် မည်သူ့ကိုမှ သူတတ်စွမ်းနိုင်သည်ထက်ပိုပြီး တာဝန်‌ပေး‌တော်မမူ‌ပေ။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိ‌သော ကတိသစ္စာကိုလည်း တည်ကြရမည်။ အရှင်မြတ်သည် အသင်တို့ သတိတရားရရန်အတွက် ဤသည်နှင့်ပတ်သက်၍ ‌လေးနက်စွာ မှာကြား‌တော်မူခြင်းဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek