×

ဤသည် ငါအရှင်မြတ်၏ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်တော်မုချဖြစ်၏။ သို့ဖြစ်၍ ယင်းနှင့်အညီသာ လိုက်နာကျင့်သုံးကြလော့။ ထိုအရှင်၏ လမ်းစဉ်တော်မှ သင်တို့အား ကွဲကွာစေမည့် အခြားသော လမ်းစဉ်များကို 6:153 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:153) ayat 153 in Burmese

6:153 Surah Al-An‘am ayat 153 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 153 - الأنعَام - Page - Juz 8

﴿وَأَنَّ هَٰذَا صِرَٰطِي مُسۡتَقِيمٗا فَٱتَّبِعُوهُۖ وَلَا تَتَّبِعُواْ ٱلسُّبُلَ فَتَفَرَّقَ بِكُمۡ عَن سَبِيلِهِۦۚ ذَٰلِكُمۡ وَصَّىٰكُم بِهِۦ لَعَلَّكُمۡ تَتَّقُونَ ﴾
[الأنعَام: 153]

ဤသည် ငါအရှင်မြတ်၏ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်တော်မုချဖြစ်၏။ သို့ဖြစ်၍ ယင်းနှင့်အညီသာ လိုက်နာကျင့်သုံးကြလော့။ ထိုအရှင်၏ လမ်းစဉ်တော်မှ သင်တို့အား ကွဲကွာစေမည့် အခြားသော လမ်းစဉ်များကို မလိုက်နာကြလေနှင့်။ သင်တို့က အရှင့်စည်းမျဉ်းတော်များကို အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး နိုင်ရန်အလို့ငှာ ယင်း (ကျမ်းတော်) အားဖြင့် ဤသို့ပင် အမိန့်ညွှန်ကြားချက်များ မှာကြားဆင့်ပြန်တော်မူ၏။

❮ Previous Next ❯

ترجمة: وأن هذا صراطي مستقيما فاتبعوه ولا تتبعوا السبل فتفرق بكم عن سبيله, باللغة البورمية

﴿وأن هذا صراطي مستقيما فاتبعوه ولا تتبعوا السبل فتفرق بكم عن سبيله﴾ [الأنعَام: 153]

Ba Sein
၁၅၃။ အသျှင်မြတ်က ဤကျင့်စဉ်သည် ငါ၏ ဖြောင့်မတ်မှန်ကန်သော လမ်းဖြစ်၏။ ထို့ကြောင့် ထိုလမ်းကို လိုက်ကြလော့။ အခြားလမ်းစဉ်များကို မလိုက်ကြလင့်။ သို့မှသာ သင်တို့သည် အသျှင်မြတ်၏ လမ်းတော်မှ လွဲမသွားရအောင် သင်တို့သည် အခြားလမ်းကို မလိုက်ကြလင့်။ သင်တို့သည် ဒုစရိုက်မှုများကို ကြည့်ရှောင်ဖို့ရာ အသျှင်မြတ်သည် ဤပညတ်တော်ကို ပြဌာန်းတော်မူ၏။
Ghazi Mohammad Hashim
ထိုမှတစ်ပါး (အသင်ပြောကြားပါလေ။) ဤသည် ငါ၏ဖြောင့်မတ်မှန်ကန်သော တရား လမ်းစဉ်ပေတည်း။သို့ဖြစ်ပေရာ အသင်တို့သည် ထိုလမ်းစဉ်ကိုသာ လိုက်ကြလေကုန်။ ထို့ပြင် အခြားအခြားသော လမ်းစဉ်များကိုမလိုက်ကြကုန်လင့်။ အဘယ့်ကြောင့်ဆိုသော် ယင်းလမ်းစဉ်များသည် အသင်တို့အား ထိုအရှင်မြတ်၏လမ်းတော်မှ ကွဲကွာစေမည် ဖြစ်သောကြောင့်ပင်။ ထိုအရှင်မြတ်သည် အသင်တို့(ပြစ်မှုဒုစရိုက်တို့မှ)ကြဉ်ရှောင်နိုင်ကြရန်အလို့ငှာ ဤသည့်(အချက်) တို့နှင့်စပ်လျဉ်း၍ အသင့်တို့အား အမိန့်ချမှတ်တော်မူခဲ့လေသည်။
Hashim Tin Myint
ထို့ပြင် အမှန်စင်စစ် ဤသည် ငါ၏‌ဖြောင့်မတ်မှန်ကန်‌သော တရားလမ်းစဉ်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုလမ်းစဉ်ကိုသာ လိုက်ကြပါ။ ထို့ပြင် အသင်တို့သည် အခြားလမ်းစဉ်များကို မလိုက်ကြနှင့်။ အဘယ့်‌ကြောင့်ဆို‌သော် ထိုလမ်းစဉ်များသည် အသင်တို့အား အရှင်မြတ်၏လမ်းစဉ်မှ ကွဲကွာ‌စေမည့်အတွက်‌ကြောင့် ဖြစ်သည်။ အရှင်မြတ်သည် အသင်တို့ (အပြစ်)‌ရှောင်ကြဉ်နိုင်ရန်အတွက် ဤသည်နှင့်ပတ်သက်၍ အသင်တို့အား ‌လေးနက်စွာ မှာကြား‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek